သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး လွတ်လပ်မှု အဆင့်တိုး


မြန်မာ့စီးပွားရေး လွတ်လပ်မှု အဆင့်တိုး
မြန်မာ့စီးပွားရေး လွတ်လပ်မှု အဆင့်တိုး
မြန်မာနိုင်ငံဟာ စီးပွားရေး လွတ်လပ်မှုအတွက် ၇.၃ ပွိုင့် တိုးလာတာမို့ ကမ္ဘာတဝှမ်း စီးပွားရေးလွတ်လပ်မှု ရှိအောင် ကြိုးပမ်းမှု အရှိဆုံး နိုင်ငံဖြစ်နေတယ်လို့ Wall Street Journal နဲ့ Heritage Foundation တို့က ကောက်ယူတဲ့ ၂၀၁၄ ခုနှစ်အတွက် စီးပွားရေး တိုးတက်မှုဆိုင်ရာ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အကြိမ် ၂၀ မြောက် စီးပွားရေး လွတ်လပ်မှုဆိုင်ရာ အညွှန်းကိန်း သတ်မှတ်ရေးအတွက် စာရင်းကောက်ယူရာမှာ ကမ္ဘာတဝှမ်း တိုးတက်မှုတွေ ရှိနေတဲ့အထဲက ဒေသ ၂ ခုဖြစ်တဲ့ မြောက်အမေရိကတိုက်နဲ့ အာဖရိက အရှေ့အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ အတိုးတက်ဆုံး ဖြစ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အာရှပစိဖိတ်ဒေသရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အဓိကလုပ်ဆောင်တဲ့ နိုင်ငံ ၃ နိုင်ငံကတော့ မြန်မာ၊ မလေးရှားနဲ့ ဆမိုအာ တို့ဖြစ်ကြောင်း ဖော်ပြထားပါ တယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုမှာရော၊ စီးပွားရေးနဲ့ အလုပ်သမား လွတ်လပ်မှု ဆိုင်ရာတွေမှာပါ တိုးတက်မှုရှိတာ တွေ့ရပေမဲ့ ခြုံကြည့်ရင် ၄၆ မှတ်ခွဲပဲ ရသေးတာဖြစ်ပြီး စီးပွားရေး ဖိနှိပ်မှုတွေကတော့ ရှိနေတုန်းပဲလို့ ဆိုပါတယ်။ အာရှပစိဖိတ်ဒေသတွင်း နိုင်ငံပေါင်း ၄၂ နိုင်ငံထဲမှာ ကြည့်ရင်တော့ မြန်မာက အဆင့် ၃၆ မှာ ရှိနေတာပါ။

ကမ္ဘာ့နိုင်ငံတွေထဲမှာ စီးပွားရေးလွတ်လပ်မှု အရှိဆုံးက ဟောင်ကောင်ဖြစ်ပြီး စင်္ကာပူနဲ့ သြစတြေးလျ နိုင်ငံတွေကတော့ ဒုတိယနဲ့ တတိယ နေရာတွေမှာ ရှိနေပါတယ်။

ဒီနှစ်ထိပ်တန်း ၁၀ နိုင်ငံ စာရင်းထဲမှာတော့ အမေရိကန်ပြည်ထောင်စု မပါဝင်တော့ပါဘူး။ တိုးတက်မှုမရှိဆုံး နိုင်ငံကတော့ ကွန်ဂိုသမ္မတနိုင်ငံဖြစ်ပြီး စီးပွားရေးလွတ်လပ်မှု မရှိဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေလည်း ပါဝင်ပါတယ်။
XS
SM
MD
LG