သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ စီးပွားလွတ်လပ်မှု မရှိသေး

မြန်မာနိုင်ငံ စီးပွားလွတ်လပ်မှု မရှိသေး
မြန်မာနိုင်ငံ စီးပွားလွတ်လပ်မှု မရှိသေး

နိုင်ငံတကာရဲ့ စီးပွားရေးလွတ်လပ်မှုကို စောင့်ကြည့်အကဲဖြတ်နေပြီး နှစ်စဉ်တွေ့ရှိတဲ့ စစ်တမ်းတွေကို ထုတ်ပြန်လေ့ရှိတဲ့ Heritage Foundation အဖွဲ့အစည်းက ၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အညွှန်းကိန်းဂဏန်းအရ မြန်မာနိုင်ငံရဲ့ စီးပွားရေး လွတ်လပ်မှုဟာ အရင်နှစ်ကထက် ၁ ဒဿမ ၁ မှတ် တိုးလာပြီး ၃၇.၈ မှတ်ရရှိတယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်အတွင်း စီးပွားရေးလွတ်လပ်မှု အခြေအနေကို စစ်တမ်းပြုစုထားတဲ့ နိုင်ငံပေါင်း ၁၇၉ နိုင်ငံရှိပြီး မြန်မာနိုင်ငံဟာ အဆင့် ၁၇၄ နေရာမှာရှိနေကြောင်း Heritage Foundation ကထုတ်ပြန်တဲ့ဇယားမှာ ဖော်ပြထားပါတယ်။

အာရှပစိဖိတ်ဒေသတွင်း နိုင်ငံပေါင်း ၄၁ နိုင်ငံရှိတဲ့အနက် မြန်မာနိုင်ငံရဲ့ စီးပွားရေးလွတ်လပ်မှု အဆင့်ဟာ ၄၀ ဖြစ်ပြီး ဒေသတွင်း ပျမ်းမျှအဆင့်ထက် အများကြီး နိမ့်နေသေးတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံထက်ဆိုးတဲ့ အောက်ဆုံးမှာရောက်နေတဲ့ နိုင်ငံကတော့ မြောက်ကိုရီးယားနိုင်ငံ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG