သုံးရလွယ်ကူစေသည့် Link များ

၂၀၁၄ မြန်မာ့စီးပွားရေး ခန့်မှန်းချက် (၁)


နိုင်ငံတကာစည်းဝေးပွဲများကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ပုံရိပ် ပိုကောင်းလာပြီး အခွင့်အလန်းတွေ တိုးလာမယ်လို့ သုံးသပ်တာမျိုး ရှိပါတယ်။
၂၀၁၄ ခုနှစ် မြန်မာ့စီးပွားရေးဟာ တခြားနိုင်ငံတွေလိုပဲ အင်အားတွေ၊ အားနည်းချက်တွေ၊ အခွင့်အလန်းတွေ၊ ခြိမ်းခြောက်မှုတွေ ဆက်ရှိနေမှာပါပဲ။

ဒါပေမဲ့လည်း သိပ်မြန်မြန်ကြီး မတိုးတက်ဘူးဆိုရင်တောင်မှ လက်ရှိအခြေအနေထက် ကျသွားဖို့တော့ မရှိဘူးလို့ မြန်မာစီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။

၂၀၁၄ ခုနှစ် မြန်မာ့စီးပွားရေးအလားအလာကို ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစား ဒုတိယပါမောက္ခချုပ် ဦးကျော်မင်းထွန်းကို ဆက်သွယ်မေးမြန်းပြီးတော့ နှစ်သစ် အထူးအစီအစဉ်အဖြစ် ဒီသီတင်းပတ်စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။
XS
SM
MD
LG