မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးတွေကျပြီး ဒေါ်လာတန်ဖိုးတွေ မြင့်တက်နေတာဟာ ကမ္ဘာ့ငွေကြေး ဈေးကွက်ကြီး တခုလုံးမှာ ဒေါ်လာတန်ဖိုး မြင့်တက်နေတာကြောင့် ဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာ ၀န်ထမ်းလစာတွေ တိုးမြင့်ပေးလိုက်တာနဲ့ လူထုအကြား စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် ဖြစ်တယ်လို့ စီးပွားရေးတက္ကသိုလ် အငြိမ်းစား ဒုတိယ ပါမောက္ခချုပ် ဦးကျော်မင်းထွန်းက ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ဒေါ်လာဈေး တက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒုတိယ ပါမောက္ခချုပ်ဟောင်း ဦးကျော်မင်းထွန်းနဲ့ ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း (၁) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပေးထားပါတယ်။