သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်အကိုင် ဖန်တီးရေး ကုလအကြံပေး တိုက်တွန်း


အလုပ်အကိုင် ဖန်တီးရေး ကုလအကြံပေး တိုက်တွန်း
အလုပ်အကိုင် ဖန်တီးရေး ကုလအကြံပေး တိုက်တွန်း

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အသစ်တွေ လုပ်ဆောင်နေရာမှာ နိုင်ငံသားတွေ အကျိုးကျေးဇူး ခံစားကြရဖို့အတွက် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံအတွင်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး ကဏ္ဍတွေ တိုးတက်အောင် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၅ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား ဟာ သူ့ရဲ့ခရီးစဉ် အဆုံးသတ်မှာ အခုလို တောင်းဆို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ပြုပြင် ပြောင်းလဲမှုတွေဟာ မကြုံစဖူး ထူးထူးခြားခြား ဖြစ်ပေါ်နေပြီး ချီးကျူးတဲ့အကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကျန်းမာရေး၊ ပညာရေး အလုပ်အကိုင်တွေ ဖန်တီးပေးရေး ကိစ္စတွေဟာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဗဟိုအစိုးရ အနေနဲ့ရော ဒေသအစိုးရတွေ အတွက်ပါ အရေးတယူ ဆောင်ရွက်ပေးရမယ့် အဓိက ကိစ္စတွေ ဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG