သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး EU ဆက်လက် ထောက်ခံ


မြန်မာ့ဒီမိုကရေစီရေး EU ဆက်လက် ထောက်ခံ
မြန်မာ့ဒီမိုကရေစီရေး EU ဆက်လက် ထောက်ခံ

နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို ဥရောပသမဂ္ဂ (EU) က ဆက်လက် အားပေး ထောက်ခံသွားမယ်လို့ အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဘယ်လ်ဂျီယံနိုင်ငံက ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လ်ဂျီယံ သံအမတ်ကြီးတို့ သောကြာနေ့က တွေ့ဆုံစဉ်မှာ အခုလိုပြောခွင့်ရခဲ့တာ ဖြစ်တဲ့အကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ Steven Vanackere က ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မျှော်လင့်ထားခဲ့သလို ဒီမိုကရေစီရေးအတွက် လမ်းပွင့်မလာတာမို့ ဘယ်လ်ဂျီယံနိုင်ငံနဲ့ EU အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံ ရလိမ့်မယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသား လူမျိုးစုတွေနဲ့ လူ့အဖွဲ့အစည်း အသီးသီးက သူတွေနဲ့အတူ ဒီမိုကရေစီရေး လှုပ်ရှားသူ အတိုက်အခံတွေရဲ့ အသံတွေဟာ အင်မတန်မှ အရေးကြီးပါတယ်လို့လည်း ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်ထဲမှာ ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင် ကျော်ကို ပြန်လွတ်ပေးဖို့ဟာလည်း မြန်မာစစ်အစိုးရ အနေနဲ့ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စအဖြစ် ရှိနေဆဲပဲလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG