သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရခေါင်းဆောင်ပိုင်း အီးယူ ပြည်ဝင်ခွင့် ပိတ်ပင်မှု ရုပ်သိမ်း


မြန်မာအစိုးရခေါင်းဆောင်ပိုင်း အီးယူ ပြည်ဝင်ခွင့် ပိတ်ပင်မှု ရုပ်သိမ်း
မြန်မာအစိုးရခေါင်းဆောင်ပိုင်း အီးယူ ပြည်ဝင်ခွင့် ပိတ်ပင်မှု ရုပ်သိမ်း

အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက်ကြောင့် ဥရောပသမဂ္ဂ ကနေ အရေးယူ ပိတ်ဆို့ထားမှု တချို့ကို သောကြာနေ့မှာ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတတွေ၊ လွှတ်တော်အမတ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၈၇ ယောက်အပေါ် ပြည်ဝင်ခွင့် ပိတ်ပင် တားဆီးထားမှုကို ရုပ်သိမ်းလိုက်တယ်လို့ ဥရောပသမဂ္ဂ ကောင်စီကနေ သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို ရုပ်သိမ်းလိုက်တယ် ဆိုပေမဲ့ ဥရောပမှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အပေါ် ထိန်းချုပ်ထားတာတွေကတော့ ဆက်ပြီး ရှိနေဦးမှာ ဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ အပေါ် ဥရောပသမဂ္ဂ အနေနဲ့ ပြန်လည် သုံးသပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီအရေးယူ ပိတ်ဆို့ထားမှုတွေရဲ့ သက်တမ်းဟာ အခုလာမယ့် ၂၀၁၂ ဧပြီလမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG