သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်ခွဲ ၆ ခုဖွင့်မည်


နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်ခွဲ ၆ ခုဖွင့်မည်
နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်ခွဲ ၆ ခုဖွင့်မည်

မြန်မာနိုင်ငံရောက်လာကြတဲ့ နိုင်ငံခြားခရီးသွားတွေ ငွေလဲလှယ်ရတာ လွယ်ကူစေဖို့နဲ့ ပြည်ပကိုသွားကြမယ့် နိုင်ငံသားများလိုအပ်တဲ့ နိုင်ငံခြားငွေ ဝယ်ယူရလွယ်ကူစေဖို့အတွက် နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာတွေ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ဖွင့်လှစ် ဆောင်ရွက်ခွင့်ပြုမယ်လို့ ပြည်ထောင်စုအစိုးရက ကြေညာလိုက်ပါတယ်။

ငွေလဲလှယ်ရေးကောင်တာတွေ ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ် ၆ ခုကို Money Changer License လို့ခေါ်တဲ့ နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့် လိုင်စင်တွေ ထုတ်ပေးပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့် လိုင်စင်ရထားတဲ့ ဘဏ် ၆ ခုကတော့ မြဝတီဘဏ်၊ အင်းဝဘဏ်၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်နဲ့ မြန်မာ့ အရှေ့တိုင်းဘဏ်တို့ ဖြစ်ပါတယ်။

အဲဒီကောင်တာတွေမှာ အမေရိကန်၊ ယူရို၊ စင်ကာပူဒေါ်လာနဲ့ FEC တွေကို မြန်မာကျပ်ငွေနဲ့ လဲလှယ် ရောင်းဝယ်နိုင်ကြမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီငွေလဲကောင်တာတွေကို မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်ဖို့ဆိုတာတော့ လက်တွေ့မှာ သိပ်ဖြစ်နိုင်ခြေမရှိသေးဘူးလို့ ဘဏ်လုပ်ငန်းရှင်တချို့နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းဟာ အစိုးရသတ်မှတ်ထားတဲ့နှုန်းနဲ့ အပြင်ပေါက်ဈေး အဆပေါင်းများစွာ ကွာခြားနေတာကြောင့် ဖြစ်ပါတယ်။

အခုလို ငွေလဲ ကောင်တာတွေ စီးပွားရေး လုပ်ငန်းရှင်တွေကို ချမပေးခင် တရားဝင် နိုင်ငံခြားငွေလဲနှုန်း အရင်သတ်မှတ်ပေးဖို့ လိုအပ်မယ်လို့ ပြောဆိုကြပါတယ်။

XS
SM
MD
LG