သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအေဂျင်စီ ရခိုင်ရေဘေး ဒုက္ခသည်တွေကူညီ


ဒီသီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး၊ မြေပြိမှုတွေဖြစ်ခဲ့လို့ လူပေါင်း ၅၇ ယောက် သေဆုံးခဲ့ရတယ်လို့ မြန်မာ စစ်အစိုးရပိုင် သတင်းဌာနက တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းမှာ ရေလွှမ်းမိုးမှုနဲ့ မြေပြိုမှုတွေကြောင့် နေအိမ်တွေ ရေမျောသွားခဲ့တာရှိခဲ့ပြီး ကျောင်းတွေနဲ့ တံတားတွေလဲ ပျက်စီးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ လူပေါင်း ၂ ထောင်ကျော်လည်း ရေဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။
UNHCR လို့ခေါ်တဲ့ ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့ကြီးက စက်လှေတွေနဲ့ ရေလွှမ်းမိုးခံရတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။

လူနာ ၅၀ ဆေးရုံထဲမှာ ပိတ်မိနေတဲ့ ဆေးရုံဝန်ထမ်း ၂၀ နဲ့ အိမ်တွေထဲမှာ ပိတ်မိနေတဲ့ ကလေးပေါင်း ၁၀၀ ကျော်တို့ကို စက်လှေ ၈ စင်းနဲ့ ကယ်တင်နိုင်ခဲ့တယ်လို့ အကူအညီပေးနေတဲ့ အရာရှိတွေက ပြောပါတယ်။

သောကြာနေ့ကတည်းက ရေကြီး မြေပြိုမှုတွေဖြစ်နေခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာလည်း တောင်ပိုင်းပြည်နယ်တွေမှာ တနင်္ဂနွေနဲ့ကစတင်တဲ့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် သေဆုံးခဲ့ရတဲ့ လူဦးရေဟာ သောကြာနေ့မှာ ဆိုရင် စုစုပေါင်း ၆၉ ယောက် ရှိနေပြီး ၄၄ ယောက် ပျောက်ဆုံးနေတယ်လို့ အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ပြောပါတယ်။ လူပေါင်း ၅ သိန်းလောက်ကလဲ သူတို့ရဲ့ အိမ်ခေါင်မိုးတွေပေါ်မှာ နေနေကြရတယ်လို့လည်း
သတင်းစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG