သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပရိသတ် ခဲပေါက်မှု အာရှဘောလုံးအဖွဲ့ချုပ် တိုင်ကြား


မြန်မာပရိသတ် ခဲပေါက်မှု အာရှဘောလုံးအဖွဲ့ချုပ် တိုင်ကြား

ဒီအပတ်ထဲမှာ ကစားပြီးသွားခဲ့တဲ့ အိုလံပစ်ခြေစစ်ပွဲ အိန္ဒိယနဲ့မြန်မာ ဘောလုံးပြိုင်ပွဲမှာ မြန်မာဘောလုံး ပရိသတ်က အိန္ဒိယ ဘောလုံးအသင်းကို ခဲတွေ ရေသန့်ဘူးတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့အတွက် ဘောလုံးပွဲ တာဝန်ရှိသူတွေက ဒီအကြောင်း အာရှဘောလုံး အဖွဲ့ချုပ် အေအက်ဖ်စီကို တင်ပြခဲ့တယ်လို့ goal.com သတင်းက ဆိုပါတယ်။

ဒီပွဲမှာ ကျော်ကိုကို က ၆၄ မိနစ်မှာ မြန်မာအတွက် ဂိုးသွင်းယူခဲ့ပြီးတဲ့နောက် အင်္ကျီချွတ် အောင်ပွဲခံခဲ့တဲ့အတွက် ဒိုင်လူကြီးက သူ့ကို အ၀ါကတ် ပြသခဲ့ပါတယ်။ ဒါပေမဲ့ အရင် တစ်ဝါ ပြခံခဲ့ရပြီးဖြစ်တာမို့ ၂ ၀ါတစ်နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ မြန်မာပရိသတ်က ဒါကို မကျေမနပ်ဖြစ်ပြီး ခဲတွေ ရေသန့်ဘူးတွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။

ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာခဲ့ပြီးတဲ့နောက်မှာတော့ ပရိသတ်ကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ တက်လမ်းဂျာနယ် အယ်ဒီတာ ဦးချစ်ဝင်းမောင်က ဗွီအိုအေကို ပြောပြပါတယ်။ တကယ်လို့ ဒီကိစ္စအပေါ် အာရှဘောလုံး အဖွဲ့ချုပ်က အရေးယူမယ်ဆိုရင် မြန်မာနိုင်ငံဟာ အိမ်ရှင်အဖြစ် နိုင်ငံခြားပွဲတွေ လက်ခံကျင်းပနိုင်ခွင့် တစုံတရာကာလအထိ ပိတ်ပင်ခံရနိုင်ဖွယ်ရှိတယ်လို့ ဦးချစ်ဝင်းမောင်က သုံးသပ်ပါတယ်။

XS
SM
MD
LG