သုံးရလွယ်ကူစေသည့် Link များ

ပြီးခဲ့တဲ့ ကြာသပတေးနေ့ နေ့လည်ခင်း ဗြိတိန်နိုင်ငံရဲ့  သမိုင်းဝင် Westminster ခန်းမကြီးထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ မြန်မာနိုင်ငံရဲ့  လက်ရှိ ပကတိအခြေအနေ၊ အနာဂတ်ကို မျှော်တွေးရှေ့ ရှုနိုင်မှုနဲ့ လက်တွေ့ကျကျ သုံးသပ်မှု၊ တောင်းဆိုပန်ကြားမှုတွေ ပါဝင်ရုံမက နားဆင်သူတွေကို အာရုံအပြည့် ဖမ်းစားထားနိုင်ခဲ့တဲ့၊ သက်ဝင်လှတဲ့ နိုင်ငံခေါင်းဆောင်တဦးရဲ့  မိန့်ခွန်းတခုဖြစ်ပါတယ်။ ဒီမိုကရေစီသမိုင်း အစဉ်အလာကြီးမားတဲ့ ဗြိတိန်နိုင်ငံ Westminster ခန်းမကြီးမှာ ဗြိတိန်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို မိန့်ခွန်းပြောကြားခွင့်ရခဲ့တာဟာ ဗြိတိန်နိုင်ငံရဲ့  Elizabeth ဘုရင်မကြီးပြီးရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမဦးဆုံး အမျိုးသမီးတဦးဖြစ်ပါတယ်။ သာမန်ဧည်သည် နိုင်ငံအကြီးအကဲခေါင်းဆောင်တွေတောင် ဒီလို အခွင့်အရေးမရခဲ့ဘဲ အခုလို အထူးတလည်ခွင့်ပြုဖို့အရေးကို ဗြိတိန်ပါလီမန်ထဲမှာ အစောပိုင်းကတည်းက အခြေတင်ဆွေးနွေးခဲ့ကြတာကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့  မိန့်ခွန်းအစမှာပဲ ပါလီမန်ဆိုတာ ဒီလိုပဲ ငြင်းကြခုန်ကြပါတယ်လို့ ဟာသနှောပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

Lord Speaker, Mr. Speaker, Mr. Prime Minister, my lords, and members of the House of Commons. Thank you for inviting me to speak to you here in this magnificent hall.

I am very conscious of the extraordinary nature of this honour. I understand that there was some debate as to whether I would speak here in this splendid setting, or elsewhere within the Palace of Westminster. I welcome that debate and discussion; it is what Parliament is all about.

မြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့ အနာဂတ်ဆီကိုရောက်ဖို့ အခုမှ တာစူနေဆဲဖြစ်ပြီး ဖြတ်ကျော်ရမယ့် အခက်အခဲတွေ အများကြီး ရှိနေတာမို့ ဗြိတိန်နဲ့ ကမ္ဘာတဝှမ်းကပြည်သူတွေရဲ့  နားလည်းမှုနဲ့ အကူအညီတွေကို လိုအပ်နေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မဆိုင်းမတွပြောကြားခဲ့ပါတယ်။ ဗြိတိန်လို ဒီမိုကရေစီထွန်းကားပြီးသာ နိုင်ငံတွေမှာ ရရှိပြီးသာဖြစ်နေမို့ အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြတဲ့ အခြေခံအခွင့်ရေးလေးတွေကိုတောင် မြန်မာနိုင်ငံမှာ ပြည်သူလူထုက နှစ်ပေါင်းများစွာ အနစ်နာခံပြီး တိုက်ပွဲဝင်ရယူခဲ့ရတာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

…my country today stands at the start of journey towards, I hope, a better future. So many hills remain to be climbed, chasms to be bridged, obstacles to be breached. Our own determination can get us so far; the support of the people of Britain, and of peoples around the world, can get us so much further.

အခုလို တိုက်ပွဲဝင်ပြီး ရယူခဲ့တဲ့ အခွင့်အရေးတွေကို မြန်မာပြည်သူတွေက ဘယ်လောက်အထိ တန်းဖိုးထားတယ်ဆိုတာကို ပြီးခဲ့တဲ့ ဧပြီလ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်ခဲ့ကြပုံနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က သာဓကအဖြစ် ထောက်ပြခဲ့ပါတယ်။

It has been less than 100 days since I, together with my fellow National League for Democracy candidates, was out on the campaign trail across Burma. Our by-elections were held on April the first- and I am conscious that there was a certain scepticism that this would be another elaborate April Fools joke. In fact it turned out to be an April of new hope. The voting process was largely free and fair, and I would like to pay tribute to President Thein Sein for this, and for his committment and sincerity in the reform process. As I have long said, it is through dialogue and through cooperation that political differences can best be resolved, and my own committment to this path remains as strong as ever.

မြန်မာတပြည်လုံးမှာ ရွေးကောက်ပွဲ ဆင်းခဲ့တာ အခုဆိုရင် ရက် (၁၀၀) တောင် မရှိသေးပါဘူး။ ဧပြီလ (၁) ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပတာမို့ April Fools ဆိုတာကို သတိထားမိပါတယ်။ ဒါပေမဲ့ April of New Hope ဖြစ်နေပြီးတော့ မဲဆန္ဒပွဲဟာ လွတ်လပ်ပြီး တရားမျှတတာကို တွေ့ရပါတယ်။ သမ္မတဦးသိန်းစိန် ကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေးကွဲပြားခြားနားတာတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းလုပ်ဆောင်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်နိုင်အောင်လို့ အခိုင်အမာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာထောက်ပြခဲ့တဲ့ နောက်ထပ်အချက်တချက်ကတော့ မြန်မာနိုင်ငံက လူငယ်တွေဟာ နိုင်ငံရေးမှာ အလွန်တက်ကြွတာမို့ တခြား ဒီမိုကရေစီ ထွန်းကားပြီး နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ လူထုက နိုင်ငံရေး မဲပေးပွဲတွေမှာ သိပ်မတက်ကြွကြဘူးဆိုတဲ့ ပြဿနာ မြန်မာပြည်မှာ မရှိပါဘူးဆိုတဲ့အချက် ဖြစ်ပါတယ်။ တက်ကြွတဲ့လူတွေ ရှိကြသလို လက်တွေ့မှာ ကောင်းမွန်တဲ့ရလဒ်တွေ ပေါ်ထွက်လာဖို့ လုပ်ဆောင်ပေးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည် က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

Now, once again, we have an opportunity to reestablish true democracy in Burma. It is an opportunity for which we have waited many decades. If we do not use this opportunity, if we do not get things right this time round, it may be several decades more before a similar opportunity arises again. And so it is for that reason that I would ask Britain, as one of the oldest Parliamentary democracies, to consider what it can do to help build the sound institutions needed to support our nascent Parliamentary democracy. The reforms taking place, led by President Thein Sein, are to be welcomed. But this cannot be a personality-based process. Without strong institutions this process will not be sustainable.

အခုတခါ စစ်မှန်တဲ့ ဒီမိုကရေစီ မြန်မာပြည်မှာ ပြန်လည်တည်ဆောက်နိုင်မယ့် အခွင့်အလမ်း ပေါ်လာပါပြီ။ ဒီ အခွင့်အလမ်းကို အသုံးမပြုနိုင်ရင် ဒီလို အခွင့်အလမ်းမျိုး ပေါ်လာအောင်လို့ ဆယ်စုနှစ်နဲ့ချီပြီး စောင့်ရနိုင်ပါတယ်။ ဒါကြောင့်မို့ ကမ္ဘာဝါ အရင့်ဆုံးဖြစ်တဲ့ ပါလီမန်ဒီမိုကရေစီဖြစ်တဲ့ ဗြိတိန်နိုင်ငံအနေနဲ့ ကျမတို့နိုင်ငံရဲ့  ပါလီမန်ဒီမိုကရေစီ ထူထောင်ရေးမှာ စစ်မှန်တဲ့ လုပ်ငန်းဌာနတွေပေါ်လာရေး အကူအညီပေးဖို့အပြင် သမ္မတဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းတွေကို ကြိုဆိုဖို့ ပြောလိုပါတယ်။ ဒါပေမဲ့ ပြုပြင်ရေးဟာ ပုဂ္ဂိုလ်မှာ အခြေခံတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ ခိုင်မာတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေ မရှိရင် ရေရှည်ခံမှာ မဟုတ်ပါဘူး။

ခိုင်မာတဲ့ လုပ်ငန်းအဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲရေးတွေအတွက် ဒီမိုကရေစီထွန်းကားပြီး နိုင်ငံတွေက လေ့လာနည်းယူရမယ့် ကိစ္စတွေ အများကြီး ရှိနေသေးတယ်လို့ ဆိုပါတယ်။ ပါလီမန်လွှတ်တော်ထဲမှာ ကိန်းကြီးခန်းကြီးလုပ်ပြီး မပြောမဆို၊ မမေးမမြန်းဘဲ ဒီအတိုင်း ထိုင်နေတာထက် ဗြိတိန်ပါလီမန်မှာ ဝန်ကြီးချုပ်နဲ့ မေးခွန်းမေးမြန်း ငြင်းခုံခြင်းဆိုတဲ့ အစီအစဉ်မျိုးတွေ ပေါ်လာရင် ဒါဟာ ဒီမိုကရေစီ ထွန်းကားမှုရဲ့  သာဓကပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည် က ဟာသနှောပြီး ပြောဆိုခဲ့ပါတယ်။

I would also like to emphasise the importance of establishing requisite Parliamentary control over the budget. In all this, what is most important is to empower the people, the essential ingredient of democracy. Britain is living proof that a Constitution does not need to be written down in order to be effective. It is more important that a Constitution should be accepted by the people, that people should feel it belongs to them, that it is not an external document imposed upon them.

One of the clearly stated aims of the NLD is constitutional reform. Burma's original constitution was drawn up following the meeting between my father, Aung San, and Clement Atlee, here in London in 1947. This constitution may not have been perfect, but at its core was a profound understanding of and respect for the aspirations of the people. The current constitution, drawn up by the military government in 2008, must be amended to incorporate the basic rights and aspirations of Burma's ethnic nationalities.

နိုင်ငံရဲ့  ဘဏ္ဍာရေးဘတ်ဂျက်ကို ပါလီမန်လွှတ်တော်က ထိန်းချုပ်ရမယ်ဆိုတဲ့ အရေးကြီးဆုံး လိုအပ်ချက်ကိုလည်း ကျမ ထောက်ပြလိုပါတယ်။ ဒါဟာ ဘာကိုညွှန်းပြသလဲဆိုတော့ ပြည်သူလူထုရဲ့  လုပ်ပိုင်ခွင့်ဆိုတဲ့ ဒီမိုကရေစီရဲ့  အဓိကကျတဲ့အချက်ကို ဖော်ညွှန်းနေခြင်းပါပဲ။ အခြေခံ ဥပဒေတရပ်ဆိုတာ ထိထိရောက်ရောက် ရှိဖို့အတွက် အလုံးစုံတသမတ်တည်း ရေးချထားဖို့ မလိုဘူးဆိုတာ ဗြိတိသျှပါလီမန်စနစ်က လက်တွေ့သက်သေပြနေပါတယ်။ အခြေခံ ဥပဒေဆိုတာ လူထုက လက်ခံဖို့ပဲ လိုအပ်ပါတယ်။ သူတို့နဲ့ မဆိုင်ဘဲနဲ့ သီးသန့်တည်ရှိနေတဲ့ ဥပဒေ၊ စာရွက်စာတမ်းတွေအဖြစ် မဟုတ်ဘဲ။ သူတို့ကိုယ်တိုင် ပိုင်ဆိုင်တဲ့ အခြေခံဥပဒေတရပ်အဖြစ်နဲ့ လက်ခံထားဖို့ဆိုတာလည်း အရေးကြီးပါတယ်။

ကျမတို့ရဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုလားကြောင်း အတိအကျ ဖော်ပြပေးထားပါပြီ။ မြန်မာနိုင်ငံရဲ့  အရင်ကရှိခဲ့တဲ့ အခြေခံဥပဒေဟာ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဗြိတိသျှဝန်ကြီးချုပ် Clement Atlee တို့ ၁၉၄၇ ခုနှစ် လန်ဒန်မှာ တွေ့ခဲ့အပြီး သိပ်မကြာခင်မှာပဲ ရေးဆွဲခဲ့တာပါ။ အဲဒီ အခြေခံဥပဒေဟာ လုံးဝပြည့်စုံတယ်လို့ မဆိုနိုင်ပေမယ့် လူထုရဲ့  လိုလားချက်တွေနဲ့ ဆန္ဒတွေကို လေးစားနားလည်းမှုတွေ ပါရှိခဲ့ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့  အခြေခံဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက ရေးဆွဲခဲ့တာပါ။ ဒီ အခြေခံဥပဒေကို မြန်မာတိုင်းရင်းသား လူမျိုးစုတွေအားလုံးရဲ့  အခြေခံအခွင့်အရေးနဲ့ လိုလားချက်တွေနဲ့အညီ ထင်ဟပ်နိုင်ဖို့ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံရဲ့  ပကတိအခြေအနေတွေနဲ့ ပတ်သက်လို့တော့

In over sixty years of independence, Burma has not yet known a time when we could say that there was peace throughout the land. At this very moment, hostilities continue between Kachin forces and the state armed forces in the north. In the west, communal strife has led to the loss of innocent lives and the displacements of tens of thousands of hapless citizens. We need to address the problems that lie at the root of conflict. We need to develop a culture of political settlement through negotiation, and to promote the rule of law, that all who live in Burma may enjoy the benefits of both freedom and security.

လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၆၀) အတွင်းမှာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းနေတယ်ဆိုတဲ့အချိန် မရှိခဲ့ပါဘူး။ အခုဆိုရင်ပဲ နိုင်ငံမြောက်ပိုင်းမှာ ကချင်တပ်ဖွဲ့တွေနဲ့ တပ်မတော်ကြားမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ နိုင်ငံအနောက်ပိုင်းမှာဆိုရင်လည်း လူထုအတွင်း အဓိကရုဏ်းတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေကျေခဲ့ရတဲ့အပြင် ထောင်သောင်းချီပြီး ရပ်ရွာစွန့်ခွါနေကြတာတွေလည်း ရှိခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ရေးနေတဲ့အချိန်မှာပဲ နိုင်ငံအရှေ့ ပိုင်းမှာ ရှမ်းတပ်ဖွဲ့ဝင်တွေနဲ့ မြန်မာအစိုးရတပ်တွေ တိုက်ပွဲပြန်ဖြစ်နေပြီဆိုတဲ့ သတင်းလည်း ကြားရပါတယ်။ ကျမတို့အနေနဲ့ ဒီပြဿနာတွေရဲ့  အရင်းအမြစ်ကို ရှာပြီးတော့ ဖြေရှင်းရမှာပါ။ နှစ်ဖက်ညှိနှိုင်းပြီးတော့ နိုင်ငံရေးအရ အဖြေရှာတဲ့ဓလေ့ကို ထွန်းကားအောင် လုပ်ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့လူတွေအားလုံး လွတ်လပ်လုံခြုံစွာ နေခွင့်ရစေမယ့် ဥပဒေရဲ့  စိုးမိုးမှုကိုလည်း မြှင့်တင်ပေးကြရပါလိမ့်မယ်။

ဒါဆိုရင် အခုလက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်လို့ လက်တွေ့ဘာတွေ လိုအပ်နေပါသလဲ။

We need short-term results so that our people may see that democratisation has a tangible positive impact on their own lives. Vocational training and creation of employment opportunities to help address Burma's chronic youth unemployment are particularly important. Longer-term, Burma's education system is desperately weak; reform is needed, not just of schools and curriculum, and the training of teachers, but also of our attitude to education, which at present is too narrow and rigid.

I hope also that British businesses can also play a role in supporting the democratic reform process, through what I have termed democracy-friendly investment. By this, I mean investment that prioritises transparency, accountability, workers' rights, and environmental sustainability. Investment, particularly in labour-intensive sectors, when carried out responsibly and with positive intent, can offer real benefits to our people.

မြန်မာပြည်သူတွေအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေဟာ သူတို့ရဲ့  ဘဝမှာ ကောင်းကျိုးရလဒ် လက်ငင်းရနိုင်ပါတယ်ဆိုတဲ့ အနေမျိုးရသွားဖို့ လိုပါတယ်။ လုပ်ငန်းခွင် သင်တန်းတွေအပြင် မြန်မာလူငယ်တွေကြားမှာ ရေရှည်ခံစားနေရတဲ့ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ အလုပ်ခွင်တွေ ဖန်တီးပေးနိုင်ဖို့လည်း အင်မတန်မှာ အရေးပါပါတယ်။ ရေရှည်အားဖြင့်ဆိုရင်တော့ မြန်မာ့ပညာရေးစနစ်က အင်မတန် နှိမ့်ကျနေတာမို့ ပြုပြင်ပြောင်းလဲရေးတွေ လိုအပ်နေပါတယ်။ ကျောင်းတွေသင်ရိုးညွှန်းတမ်းတွေ ပြုပြင်ရေး၊ ဆရာ၊ ဆရာမတွေ လေ့ကျင့်သင်ကြားရေးအပြင် လတ်တလောအားဖြင့် ပညာရေးစနစ်အပေါ်မှာ ထားရှိတဲ့ ကျဉ်းမြောင်းတဲ့အယူအဆတွေကိုလည်း ပြုပြင်ရပါမယ်။

ဗြိတိန်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ကျမအရင်က ပြောခဲ့ဖူးတဲ့ ဒီမိုကရေစီနည်းလမ်းက ရင်းနှီးမြုပ်နှံဖို့ဆိုတာနဲ့အညီ တတတ်တအား ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ အလုပ်သမား အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဦးစားပေးမှု စတာတွေနဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ဆိုလိုတာပါ။ လုပ်အားကို အခြေခံတဲ့ကဏ္ဍတွေမှာ တာဝန်သိသိနဲ့ ဝင်ရောက်ရင်းနှီးမြုပ်နှံခဲ့ရင် ကျမတို့ ပြည်သူအားလုံးအတွက် တကယ့် အကျိုးအမြတ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဗြိတိသျှပါလီမန် မိန့်ခွန်းအဆုံးသတ်ပိုင်းလောက်မှာတော့ Statement လို့ခေါ်တဲ့ နိုင်ငံတော်တည်ဆောက်တဲ့ ခေါင်းဆောင်တယောက်ရဲ့  အမျှော်အမြင်ကြီးမားတဲ့ အမျိုးသားရင်ကြားစေ့ရေး မှတ်ချက်တခုကို အခုလို ကြားခဲ့ရပါတယ်။

in 1990 in Burma, the winner of the elections, the NLD, was never allowed even to convene Parliament. I hope that we can leave such days behind us, and that as we look forward to the future, it will be the will of the people that is reflected faithfully in Burma's changing political landscape.

မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၁၉၉၀ တုန်းက ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်ခေါ်ခွင့်တောင် မရခဲ့ပါဘူး။ ကျမအနေနဲ့ ဒီလို ဖြစ်ရပ်ဆိုးတွေကို အတိတ်မှာပဲ ချန်ထားခဲ့ချင်ပါတယ်။ ရှေ့ အနာဂတ်မှာတော့ မြန်မာနိုင်ငံရဲ့  ပြောင်းလဲနေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ လူထုရဲ့  ဆန္ဒတွေကိုပဲ သစ္စာရှိစွာ ဖြည့်ဆည်းထင်ဟပ်လာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီလောက်နဲ့ပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗြိတိန်နိုင်ငံ ပါလီမန်လွှတ်တော်နှစ်ရပ်ကို Westminster ခန်းမကြီးထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းကောက်နုတ်ချက်ကို အဆုံးသတ်ပါရစေ။

XS
SM
MD
LG