သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးဦးဆောင်မှုမှာ တပ်မတော်ပါဝင်မှု ဦးစီးချုပ်ပြောကြား


တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား။
တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား။
အနာဂတ် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထပ်ပြီးတော့ အခိုင်အမာ ပြောဆိုခဲ့သလို၊ အမျိုးသား ညီညွတ်ရေးနဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် ဖို့အတွက် စစ်ဘက် အင်အားတောင့်တင်းဖို့ လိုတယ်ဆို ပြီးတော့ ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဗိုလ်ချုပ်မှူးကြီးအဆင့် တိုးမြှင့်သွားတဲ့ ကာကွယ်ရေး ဦးစီးချုပ်က အဲ့ဒီ်လိုပြောသွားတာပါ။
မြန်မာစစ်ဦးစီးချုပ် မင်းအောင်လှိုင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်စဉ်။ (မတ် ၂၇၊ ၂၀၁၂)
မြန်မာစစ်ဦးစီးချုပ် မင်းအောင်လှိုင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တက်ရောက်စဉ်။ (မတ် ၂၇၊ ၂၀၁၂)

မိတ္ထီလာမြို့မှာ အကြမ်းဖက် အဓိကရုဏ်းတွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ထားပြီး စစ်တပ်က လုံခြုံရေး တာဝန်ယူထားတဲ့အပြင် ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှ မြို့နယ်တွေမှာလည်း ပုဒ်မ ၁၄၄ ထုတ်ပြီး၊ စစ်တပ်က တာဝန်ယူထားတဲ့အချိန်မှာပဲ တပ်မတော်နေ့ အခမ်းအနားအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောခဲ့တာပါ။

ဒီကနေ့ စစ်ရေးပြ အခမ်းအနားမှာ အရင်နှစ်တွေတုန်းက မပါခဲ့ဖူးတဲ့ လေတပ်၊ တိုက်လေယာဉ်တွေက စွမ်းရည် အလှပြ ပျံသန်းခဲ့ကြသလို၊ ရုရှားလုပ် တိုက်ချင်းပစ် ဒုံးကျည်တွေ၊ လက်နက်ကြီးတင် သံချပ်ကာယာဉ်တွေ စသည်အားဖြင့် ပါဝင် ချီတက်ခဲ့ကြပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် လည်း ပထမဆုံး အကြိမ်အဖြစ် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
XS
SM
MD
LG