သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း မူဆလင်ဆန့်ကျင်ရေး သွေးထိုးမှု HRW ဝေဖန်


လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနား ဒီနေ့ ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းစာဆရာများ အသင်းမှာ ကျင်းပပြီး မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာတွေနဲ့ မူဆလင် လူနည်းစုအပေါ် ခွဲခြား ဖိနှိပ်မှုတွေကို ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

HRW အဖွဲ့ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ သုတေသနမှူး Sunai Phasuk က ထိုင်းနိုင်ငံကို လှေနဲ့ ရောက်လာတဲ့ လှေစီးပြေး ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံဘက်က ပင်လယ်ပြင်ထဲကို အတင်း ပြန်မောင်းထုတ်ခဲ့တဲ့အကြောင်းနဲ့ တရားမဝင် ဝင်ရောက်လာသူတွေအဖြစ် ဖမ်းဆီးခဲ့တဲ့အကြောင်း အခမ်းအနားမှာ အဓိက ပြောဆိုပါတယ်။

HRW အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး Dave Mathieson ကတော့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မျိုးချစ်ဝါဒီ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တချို့က အစ္စလာမ်ဘာသာကို ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ဝင်လာအောင် လှုံ့ဆော်ခဲ့တဲ့ အကြောင်းအရာဟာ အဓိက အကြောင်းအရာတခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ကြောင့် တိုင်းပြည်တဝှမ်း မိတ္ထီလာ၊ လာရှိုးနဲ့ တခြားနေရာအနှံ့မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အဓိက ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ အခြေအနေနဲ့အတူ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား စတဲ့နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG