သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IAEA နောက်ဆက်တွဲ သဘောတူစာချုပ် မြန်မာ လက်မှတ်ရေးထိုးမည်


မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂရဲ့ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြား နောက်ထပ် သဘောတူညီချက်အသစ် လက်မှတ်ထိုးမယ်လို့ IAEA က ၁၆ ရက်၊ စက်တင်ဘာလ ၂၀၁၃ မှာ တရားဝင်ကြေညာ။ (ဓာတ်ပုံ-IAEA အင်တာနက်စာမျက်နှာ)
မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂရဲ့ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြား နောက်ထပ် သဘောတူညီချက်အသစ် လက်မှတ်ထိုးမယ်လို့ IAEA က ၁၆ ရက်၊ စက်တင်ဘာလ ၂၀၁၃ မှာ တရားဝင်ကြေညာ။ (ဓာတ်ပုံ-IAEA အင်တာနက်စာမျက်နှာ)
မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ အနုမြူစွမ်းအင်ဆိုင်ရာ အေဂျင်စီတို့အကြား နောက်ထပ် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးတော့မယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က ပြောလိုက်ပါတယ်။

မြန်မာအစိုးရဟာ နျူကလီးယားလက်နက်ထုတ်လုပ်တဲ့ နည်းပညာကို ရယူဖို့ ကြိုးစားနေသလားဆိုတဲ့ သံသယတွေကို ရှင်းလင်းဖို့ ရည်ရွယ်တဲ့အနေနဲ့ အခုလို လက်မှတ်ရေးထိုးကြမှာပါ။

မြန်မာနိုင်ငံက လက်ရှိ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်ထဲမှာ နောက်ထပ် ထည့်သွင်းမယ့် သဘောတူညီချက်အရ နျူကလီးယားဆိုင်ရာ နေရာတွေလို့ ကြေညာထားတဲ့ နေရာတွေဆီ IAEA စစ်ဆေးရေးမှူးတွေအနေနဲ့ ကြိုတင်အကြောင်း မကြားဘဲ ဝင်ရောက်စစ်ဆေးခွင့် ရလာတော့မှာပါ။

အဲဒီသဘောတူညီချက်ကို IAEA အကြီးအကဲ ယုကိယ အမနို့ (Yukiya Amano) နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ အင်္ဂါနေ့ကျရင် ဗီယန်နာမြို့မှာ လက်မှတ်ရေးထိုးကြမှာပါ။

မြန်မာနဲ့ မြောက်ကိုရီးယား နိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေ ရှိခဲ့တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မှုတွေရှိခဲ့ပြီး မြောက်ကိုရီးယားဆီကနေ မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ထုတ်လုပ်တဲ့ နည်းပညာကို ရယူဖို့ ကြိုးစားနေသလားဆိုတဲ့ သံသယတွေလည်း ထွက်ခဲ့တာပါ။ မြန်မာအစိုးရကတော့ အဲဒီလို ပြောဆိုချက်တွေကို တောက်လျှောက် ငြင်းဆန်လာခဲ့ပါတယ်။
XS
SM
MD
LG