သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အနိမ့်ဆုံးဝင်ငွေ နိုင်ငံတွေစာရင်းထဲ မြန်မာပါဝင်


နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီး (IMF) က လူတဦးချင်း ဝင်ငွေနည်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို မီးမောင်းထိုး ဖော်ပြရာမှာ ဆီနီဂေါ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ နီကာရာဂွာ နိုင်ငံတွေကို အလေးထား ထောက်ပြထားပါတယ်။

ဒီနိုင်ငံတွေဟာ စိုက်ပျိုးရေးနဲ့ ပြည်ပကပေးတဲ့ အကူအညီတွေအပေါ် မှီတည်ပြီး နေကြရတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်လို့ IMF ကပြောပါတယ်။ ဒီနိုင်ငံတွေရဲ့ ဆင်းရဲမှုနှုန်းက မြင့်မားပြီး၊ မွေးကင်းစအရွယ် သေဆုံးမှုက များပြားသလို၊ ပညာရေး အဆင့်အတန်းကလည်း နိမ့်ကျတယ်လို့ ဆိုပါတယ်။

ဒီနိုင်ငံတွေကို Bottom Billion ကမ္ဘာပေါ်မှာ အဆင်းရဲ မွဲတေဆုံး လူသန်းပေါင်း တထောင်ထဲမှာ ပါဝင်တယ်လို့ သတ်မှတ်ထားကြောင်း ပြောပါတယ်။

XS
SM
MD
LG