သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွန်ကင်းလွတ်ခွင့် ပေးနိုင်


နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွန်ကင်းလွတ်ခွင့် ပေးနိုင်

အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေကြတဲ့ အချိန်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ၈ နှစ်တာ အခွန်လွတ်ငြိမ်းခွင့် ပေးဖို့ စဉ်းစားနေတယ်လို့ မြန်မာ အစိုးရက မနေ့က ပြောလိုက်ပါတယ်။ Davos မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ စီးပွားရေး ညီလာခံကို တက်ရောက်နေတဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ စက်မှုဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတကာ သတင်းစာဆရာတွေကို စနေနေ့က အခုလို ပြောကြားလိုက်တာပါ။

ပြုပြင်ပြောင်းလဲရေး အများကြီး အစိုးရက လုပ်ခဲ့ပြီးပေမဲ့ အနာဂတ်မှာ ဒါ့ထက်ပိုပြီး လုပ်ရမှာတွေ ရှိပါသေးတယ်လို့ ဦးစိုးသိန်းက ဆိုပါတယ်။ နိုင်ငံခြား ငွေလဲလှယ်နှုန်းကို တစ်ခုတည်းဖြစ်ပြီး ငွေကြေး နဲ့ ဘတ်ဂျက် မူဝါဒတွေ အကောင်အထည် ဖော်နိုင်အောင် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အကူအညီနဲ့ အစိုးရက လုပ်နေတာကိုလည်း ဦးစိုးသိန်းက ပြောပါတယ်။

ဗဟိုဘဏ်ကိုလည်း ဘဏ္ဍာရေး ၀န်ကြီးဌာနအောက်မှာ မထားတော့ဘဲ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ရပ် အဖြစ် ထူထောင်ဖို့ အစိုးရကို အဆိုပြုထားပြီးပြီလို့ ဦးစိုးသိန်းက ဆိုပါတယ်။

လာမယ့်နှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုက ၆% ရှိလိမ့်မယ်လို့ အစိုးရက မျှော်လင့်ထားတာပါ။ ဂျပန် နိုင်ငံရဲ့ အကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြန်လည် ရေးသားနေပြီး ဖေဖော်ဝါရီ လွှတ်တော်မှာ အဲဒီ ဥပဒေကို ပြဌာန်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ဥပဒေက အကန့်အသတ်တွေ ရှိနေတာကြောင့် ပြင်ဆင်ရေးဆွဲနေတာ ဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ မီးရထား ဒုတိယ၀န်ကြီး ဦးသောင်းလွင်က ပြောပါတယ်။

XS
SM
MD
LG