သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်သွားမည်


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်သွားမည်
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်သွားမည်

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ရှေ့အပတ်မှာ ဂျပန်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ၁၆ နှစ်အတွင်းမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး အနေနဲ့ နှစ်နိုင်ငံကိစ္စ ဆွေးနွေးဖို့အတွက် ပထမဆုံးသွားတဲ့ခရီးစဉ် ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီခရီးစဉ်မှာ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအိချီရို ဂမ်ဘာ (Koichiro Gemba) က မနေ့ကပြောလိုက်တာကို ဂျပန် Mainichi နေ့စဉ်သတင်းစာက ဆိုပါတယ်။ ဦးဝဏ္ဏမောင်လွင်ဟာ ဂျပန်ကို အောက်တိုဘာ ၂၀ ကနေ ၂၂ အထိလာမှဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေးနဲ့ ယဉ်ကျေးမှု ပူးပေါင်း မြင့်တင်ရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ သတင်းထောက်တွေနဲ့ပြောရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေကို ကြိုဆိုတယ်လို့ ပြောခဲ့ပါတယ်။ ဦးဝဏ္ဏမောင်လွင်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်အပါအဝင် အကျဉ်းသား ထောင်နဲ့ချီ လွှတ်အပြီးမှာ ဖြစ်လာတာပါ။

XS
SM
MD
LG