သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်က တပ်ရုပ်သိမ်းရေး NATO ထောက်ခံဖွယ်ရှိ

အာဖဂန်က တပ်ရုပ်သိမ်းရေး NATO ထောက်ခံဖွယ်ရှိ
အာဖဂန်က တပ်ရုပ်သိမ်းရေး NATO ထောက်ခံဖွယ်ရှိ

ပေါ်တူဂီနိုင်ငံရဲ့ မြို့တော် လစ္စဘုန်းမြို့မှာ ဒုတိယနေ့အဖြစ် နေတိုးညီလာခံကို ကျင်းပတဲ့အခါ စနေနေ့ ဆွေးနွေးကြမယ့်အစီအစဉ်မှာ ဆယ်နှစ်ကြာ အာဖဂန်နစ္စတန်စစ်ပွဲက ထိပ်ဆုံးမှာရှိနေပါတယ်။

လာမယ့်နှစ်မှာ အာဖဂန်နစ္စတန်တပ်ဖွဲ့တွေရဲ့လက်ထဲ လုံခြုံရေးတာဝန် စတင်လွှဲပြောင်းပေးမယ့် အစီအစဉ်ကို နေတိုးခေါင်းဆောင်တွေက ထောက်ခံကြမယ်လို့ မျှော်လင့်ပါတယ်။ နေတိုးတပ်ရဲ့ တာဝန်တွေကို အာဖဂန်တပ်တွေကို လွှဲပြောင်းပေးတဲ့ အကူးအပြောင်းဖြစ်စဉ်က ၂၀၁၄ ခုနှစ်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ စနေနေ့ အစည်းအဝေးကို အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်း တက်ရောက်ပါမယ်။

သောကြာနေ့တုန်းကတော့ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးကို လွှမ်းခြုံကာကွယ်နိုင်မယ့် ဒုံးကျည်ကာကွယ်ရေး စနစ်တရပ်ကို နေတိုးအဖွဲ့ ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။

နေတိုးနဲ့ ရုရှားရဲ့ ဆက်ဆံရေး နွေးထွေးမှုကို ပြသတဲ့အနေနဲ့ ရုရှားသမ္မတ ဒစ်မီထရီ မက်ဗီးယာဒပ်ဖ် (Dimitri Medvedev) လည်း စနေနေ့ အစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG