သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဖိတ်သော်လည်း သတင်းထောက်တချို့ နေပြည်တော်သွားမည်


A vehicle moves internally displaced Rohingya to a safer place ahead of Cyclone Mahasen at a camp outside of Sittwe, Burma, May 16, 2013.
A vehicle moves internally displaced Rohingya to a safer place ahead of Cyclone Mahasen at a camp outside of Sittwe, Burma, May 16, 2013.

ဇန်နဝါရီ (၃၁) ရက် တနင်္လာနေ့ကျရင် ကျင်းပမယ့် လွှတ်တော်ဖွင့်ပွဲကို သတင်းယူဖို့အတွက် နေပြည်တော်ကို သွားဖို့ သတင်းသမားတွေ စီစဉ်နေကြပါတယ်။ လွှတ်တော်ဖွင့်ပွဲသတင်းကို ရယူနိုင်ဖို့အတွက် ပြန်ကြားရေး ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းပေမဲ့လည်း ဘာမှအကြောင်းပြန်ကြားခြင်း မရှိတာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် သတင်းယူကြဖို့ စီစဉ်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

နှစ်ပေါင်း ၂၀ ကျော်တွင်း ပထမဆုံးအကြိမ်ကျင်းပမယ့် လွှတ်တော်ဖွင့်ပွဲကို အစိုးရက သတင်းသမားတွေကို မဖိတ်ပေမဲ့ သတင်းရယူနိုင်ဖို့အတွက် ၃၁ ရက်နေ့မတိုင်ခင် နေပြည်တော်သွားဖို့ သတင်းထောက်တွေ စီစဉ်နေကြပါတယ်။ အထူးသဖြင့် နိုင်ငံခြားသတင်းဌာနတွေ အတွက် အခြေစိုက်လုပ်ကိုင်ပေးနေတဲ့ ပြည်တွင်းက သတင်းထောက်တွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် နေပြည်တော်မှာ သတင်းသွားယူဖို့ ဒီကနေ့ နိုင်ငံခြား သတင်းထောက်များအသင်းမှာ အထူးအစည်းဝေးတခု လုပ်ပြီး ဆုံးဖြတ်ခဲ့ကြတယ်လို့ နိုင်ငံခြား သတင်းဌာနတခုရဲ့ သတင်းထောက်တဦးလည်း ဖြစ် စာပေစာနယ်ဇင်း အဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ ကိုကို (စက်မှု) ကပြောပါတယ်။

“နိုင်ငံခြားသတင်းထောက်အသင်းကလည်း ဖွင့်ပွဲကို တရားဝင် ဖိတ်ကြားထားခြင်း မခံရသေးပါဘူး။ သို့သော် နိုင်ငံခြားသတင်းထောက် ၁၈ ဦးက မိမိတို့အစီအစဉ်နဲ့ပဲ မိမိတို့ နေပြည်တော်သွားပြီးတော့ သတင်းတွေ ရယူဖို့ရှိပါတယ်။ အဲဒီတော့ သွားယူမယ်ဆိုတာက လုံခြုံရေး စည်းခြားထားတဲ့နေရာတွေ၊ ပေးယူခွင့်မရတဲ့ နေရာတွေမှာ ယူခွင့်မရသော်ငြားလည်း လုံခြုံရေးစည်း အပြင်ဘက်ပေါ့လေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုတဲ့နေရာတွေမှာ သူတို့ဝင်ခါနီး၊ ဒါမှမဟုတ်ရင်လည်း သူတို့ ပြန်ထွက်လာတဲ့အချိန်မှာ သူတို့နဲ့ မေးမြန်းတာတွေ၊ သူတို့ရဲ့ comment တွေ၊ နောက်တခါ လွှတ်တော်ကျင်းပတော့မယ့် အခြေအနေမှာရှိတဲ့ အထွေထွေပေါ့လေ။ general မြင်ကွင်းတွေပေါ့လေ။ ဒါတွေကို ကျနော်တို့က witness အနေနဲ့မြင်အောင် နေပြီးတော့ သတင်းရေးသွားဖို့ အတွက်ကတော့ သီးခြားအစီအစဉ်တွေနဲ့သွားဖို့ ကျနော်တို့ ဆုံးဖြတ်ထားတာ ရှိပါတယ်။”
အလားတူ ပြည်တွင်းအခြေစိုက် သတင်းဂျာနယ်တွေအတွက်လည်း မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ သတင်းသမားတွေအကျိုးဆောင်ရွက်မယ့် CPC အဖွဲ့က ပြန်ကြားရေးဌာနကို မေးမြန်းပေမဲ့ ဒီနေ့ထိ ဘာမှအကြောင်းမပြန်ဘူးလို့ ပြောပါတယ်။

“ပြည်တွင်းသတင်းထောက်တွေ သတင်းယူဖို့တော့ ကျနော်တို့ CPC အနေနဲ့တော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းတုန်းပဲ ရှိပါသေးတယ်။ ခုထက်ထိ မေးတုန်းပဲရှိပါတယ်။ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ အဲဒီတော့ ကျနော် ထင်တာကတော့ မနက်ဖြန် မနက်ပိုင်းလောက်ဆိုရင်တော့ ကျနော်တို့ တကယ်ကို yes-no သိရပါလိမ့်မယ်။ လောလောဆယ် အနေအထားအရပြောရင်တော့ ခုထိ အကြောင်းပြန်ကြားခြင်း မရှိသေးတဲ့ အတွက်ကြောင့် ကျနော်တို့ စိတ်ထဲမှာထင်တာကတော့ သတင်းဖွင့်ပွဲအတွက်ပေါ့နော်၊ အဓိကဖွင့်ပွဲအတွက် သတင်းရယူခွင့်ကတော့ ကျနော်တို့ အင်မတန်မှ နည်းသွားပြီလို့ တွက်ဆလို့ရပါတယ် ခင်ဗျ။”

တကယ်တော့ မြန်မာစစ်အစိုးရအနေနဲ့ အရပ်သားအစိုးတရပ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့ရာမှာ ရွေးကောက်ပွဲအပြီး အခုပေါ်ပေါက်လာတဲ့ လွှတ်တော်ရဲ့ ဖွင့်ပွဲသတင်းတွေကို ဘာကြောင့် သတင်းယူခွင့် မပေးတာပါလဲ ဆိုတဲ့မေးခွန်းကိုတော့ -

“တခုခုရဲ့ အကြောင်းရင်းမှာ ကျနော်တို့ သူရဲ့ reason တခုတော့ နောက်ကွယ်မှာ ရှိလိမ့်မယ်လို့ ထင်တယ်။ အဲဒီ reason ကိုတော့ ကျနော်တို့က ခန့်မှန်းဖို့ခက်တယ်။ အဲဒီတော့ ကျနော်ကတော့ လုံခြုံရေးကြောင်းလား၊ တခြား အကြောင်းပြချက်တွေပဲ ရှိလားတော့ မသိဘူး။ သို့သော် ဖိတ်ဖို့ကောင်းတဲ့ဟာတခုကို မဖိတ်ဘဲထားခြင်းကတော့ အကြောင်းပြချက်ကတော့ ခိုင်လုံသော အကြောင်းပြချက်တခု ရှိလိမ့်မယ်လို့တော့ ကျနော် ထင်ပါတယ်။ ကျနော်တို့ သတင်းသမားကတော့ ရတဲ့အခွင့်အရေးတခုမှာတော့ ရတဲ့ဘောင်ထဲကနေ လုပ်ကြမှာပဲခင်ဗျ။ ဥပမာ - ဗီယက်နန် ကွန်မြူနစ်ညီလာခံ၊ တရုတ် ကွန်မြူနစ် ညီလာခံတွေမှာ သတင်းယူနေကြတာတွေတောင် ကျနော်တို့ မြင်တယ်။ သို့သော် ဒီမှာ ပေးမယူဘူး။ ဒါ ပထမဆုံး အတွေ့အကြုံအရလည်း ဖြစ်နိုင်တယ်။ နောက်တခုက ကျနော်တို့က ဒီမိုကရေစီ အရပ်သားအစိုးရ တရပ်ကတော့ မပေါ်ထွန်းသေးဘူးဗျ။ အခု ကျနော်တို့ ပထမနေ့မှာ။ ဒုတိယနေ့ကတော့ တပ်မတော် အစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ဆက်လက်ရှိနေတယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒီအတွက်ကြောင့်လဲ တပ်မတော်အစိုးရဆိုတော့ ကျနော်တို့ ခုနကပြောသလို ဒီမိုကရေစီရဲ့ စံနှုန်းစံထားတွေအတိုင်း အပြည့်အ၀ နှိုင်းယှဉ်ချိန်ထိုးပြီးတော့တော့ ကျနော်တို့ စဉ်းစားလို့ရဦးမယ်လို့ မထင်ဘူးခင်ဗျ။”

စာပေစာနယ်ဇင်း အတွင်းရေးမှူး ကိုကို (စက်မှု) ပြောပြခဲ့တာပါ။ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း သတင်းမီဒီယာတွေကို သတင်းယူရန်ဖို့ လွယ်ကူပေမဲ့ သူတို့ကိုထိန်းချုပ်ဖို့ ခက်ခဲတယ်လို့ ပြောတဲ့အကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ပြန်ပြောထားတာကို ပြည်ပအခြေစိုက် ဧရာဝတီသတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG