သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံ့ဖြိုးရေးပြည်ပအကူအညီ သမ္မတဖိတ်ခေါ်


 အစိုးရ အရာရှိတွေကို သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်။ (ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၁၂)။
အစိုးရ အရာရှိတွေကို သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်။ (ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၁၂)။
လူထုရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်ဖို့နဲ့ နိမ့်ကျနေတဲ့ နိုင်ငံစီးပွားရေး တိုးတက်စေဖို့ အကူအညီပေးကြဖို့ နိုင်ငံတကာက အလှူရှင်နိုင်ငံတွေကို သမ္မတဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ စနေနေ့က နေပြည်တော်မှာကျင်းပတဲ့ ပထမအကြိမ် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ သမ္မတဦးသိန်းစိန်က အဲဒီလို တိုက်တွန်း ပြောဆိုခဲ့တာပါ။

နိုင်ငံတကာ အသိုက် အဝန်းရဲ့ ကူညီထောက်ပံ့မှုကိုရမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အဲဒီရည်မှန်းချက်တွေကို ပိုပြီးတော့ အောင်အောင်မြင်မြင် ရနိုင်မှာ ဖြစ်တယ်လို့ ဖိုရမ်မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။ လူမျိုးစုတိုင်းရင်းသား ပဋိပက္ခကိစ္စကိုလည်း သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ တပြေးညီ ရရှိသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ကချင်ပြည်နယ်ဘက်မှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ဒီကနေ့မနက် ၆ နာရီကစပြီး ရပ်ဆိုင်းတော့မယ်လို့ အစိုးရက သောကြာနေ့ညဘက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုချိန်ထိ ရတဲ့သတင်းတွေအရကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နှစ်ဘက်စလုံးကလည်း တဘက်ကိုတဘက် အပြစ်ဖို့ပြီးတော့ တိုက်ခိုက်မှုတွေ စလုပ်တယ်လို့ စွပ်စွဲ ပြောဆိုနေကြပါတယ်။
XS
SM
MD
LG