သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် စင်္ကာပူကို ခရီးထွက်

သမ္မတဦးသိန်းစိန် စင်္ကာပူကို ခရီးထွက်
သမ္မတဦးသိန်းစိန် စင်္ကာပူကို ခရီးထွက်

မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်ဟာ စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်အဖြစ် စင်္ကာပူ သမ္မတရဲ့ ဖိတ်ကြားချက်အရ တနင်္ဂနွေနေ့မှာ သွားရောက်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့အထိ နေထိုင်မှာ ဖြစ်ပါတယ်။
သမ္မတကြီး ဦးသိန်းစိန်နဲ့အတူ ဝန်ကြီးတော်တော်များများ စီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်များ ပါလာမယ်လို့ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

စင်ကာပူ-မြန်မာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် နားလည်မှုစာချွန်လွှာကိုလည်း သမ္မတကြီး ဦးသိန်းစိန်နဲ့ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong တို့ရှေ့မှာ တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးကြဖို့ ရှိပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ အကြီးတန်းဝန်ကြီး Goh Chok Tong နဲ့ မနက်စာ စားဖို့လည်း စီစဉ်ထားပါတယ်။ ဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ်က ဦးသိန်းစိန်ဟာ စင်ကာပူနိုင်ငံကို ၂၀၀၉ ခုနှစ်က နောက်ဆုံး သွားရောက်ခဲ့ဖူးပါတယ်။

This item is part of
XS
SM
MD
LG