သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SEA Games ဘောလုံးပွဲ မြန်မာအသင်း ၄ မှတ် ရထားပြီး


SEA Games ဘောလုံးပွဲ မြန်မာအသင်း ၄ မှတ် ရထားပြီး
SEA Games ဘောလုံးပွဲ မြန်မာအသင်း ၄ မှတ် ရထားပြီး

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ စနေနေ့က ကစားသွားတဲ့ အုပ်စု B ဘောလုံးပွဲမှာ မြန်မာအသင်းဟာ ဗီယက်နမ်ကို ၁၀ ယောက်နဲ့ ကစားပြီး ဂိုးမရှိသရေကျသွားခဲ့ပါတယ်။ ဒီပွဲ ပထမပိုင်းမှာ ဗီယက်နမ်အသင်းက ၁ ဂိုးသွင်းခဲ့ပေမဲ့လည်း စည်းကြပ်ဒိုင်က လူကျွံဘော သတ်မှတ်တဲ့အတွက် မြန်မာအသင်း ဂိုးမပေးခဲ့ရပါဘူး။

ဒုတိယပိုင်းမှာတော့ မြန်မာနောက်တန်းက မိုးဝင်းက ဗီယက်နမ်ရှေ့တန်းလူကို အလွတ်တားခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြပြီး အထုတ်ခံခဲ့ရပါတယ်။ မြန်မာအသင်း ၁ ယောက် အထုတ်ခံခဲ့ရတဲ့အတွက် ဗီယက်နမ်အသင်းက ဂိုးရဖို့ ဖိကစားခဲ့ပေမဲ့ မြန်မာဂိုးသမား သီဟစည်သူနဲ့ နောက်တန်းတွေက ဂိုးမပေးရအောင် ခံကစားသွားနိုင်ခဲ့ပါတယ်။

ဗီယက်နမ်နည်းပြကတော့ မြန်မာအသင်းရဲ့ ခံစစ်ကစားပုံကို ချီးကျူးပြောဆို သွားခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စု B မှာ ဗီယက်နမ် နဲ့အတူ ၄ မှတ်ရထားပြီး ဗီယက်နမ်က ဂိုးကွာခြားချက်နဲ့ ဦးဆောင်နေပါတယ်။ မြန်မာအသင်းဟာ အဲဒီအုပ်စု B မှာ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်း တို့နဲ့ ၃ ပွဲကစားဖို့ ကျန်ပါသေးတယ်။

XS
SM
MD
LG