သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်ကာပူထံ နည်းပညာအကူအညီ မြန်မာ တောင်းခံ

သမ္မတ ဦးသိန်းစိန် စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong (ဝဲ) နဲ့ တွေ့ဆုံနေစဉ်။ (ဇန်နဝါရီလ ၃၀၊ ၂၀၁၂)
သမ္မတ ဦးသိန်းစိန် စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong (ဝဲ) နဲ့ တွေ့ဆုံနေစဉ်။ (ဇန်နဝါရီလ ၃၀၊ ၂၀၁၂)

စင်ကာပူနဲ့ မြန်မာနိုင်ငံအကြား နည်းပညာ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး နားလည်မှု စာချွန်လွှာကို ဒီကနေ့ လက်မှတ် ရေးထိုးလိုက်ပါတယ်။ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ စွမ်းရည် အရင်းအမြစ် ဖွံ့ဖြိုးရေး၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာနဲ့ စီမံခန့်ခွဲမှု နည်းပညာ စတာတွေမှာ စင်ကာပူနိုင်ငံက ကူညီပံ့ပိုးပြီး လေ့ကျင့်သင်တန်းတွေ ပေးဖို့အတွက် နှစ်နိုင်ငံ သဘောတူလိုက်ကြတာ ဖြစ်ပါတယ်။

ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ အင်္ဂလိပ်ဘာသာစကားပြော၊ ကွန်ပျူတာ ကျွမ်းကျင်မှု၊ သတင်းအချက်အလက်၊ နည်းပညာ စတဲ့သင်တန်းတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနိုင်ဖို့အတွက် မြန်မာတာဝန်ရှိသူတွေ ပြင်ဆင်နိုင်ရေးမှာလည်း သံတမန်ရေးရာ သင်တန်းတွေ ပို့ချပေးတယ်လို့ ဆိုပါတယ်။

အခုလောလောဆယ် စင်ကာပူနိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ အစီအစဉ်အတွင်းမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အိမ်ရှင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး K. Shanmugam တို့က ဒီကနေ့ နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးလိုက်တာပါ။

သမ္မတ ဦးသိန်းစိန်ဟာ စင်ကာပူသမ္မတ Tony Tan Keng Yam ၊ ဝန်ကြီးချုပ် Lee Hsien Loong နဲ့ အကြီးတန်းဝန်ကြီး Goh Chok Tong တို့နဲ့လည်း တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG