သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးကသာ ဆက်လက်ချုပ်ကိုင်မည်


ဗိုလ်ချုပ်မှူးကြီးကသာ ဆက်လက်ချုပ်ကိုင်မည်
ဗိုလ်ချုပ်မှူးကြီးကသာ ဆက်လက်ချုပ်ကိုင်မည်

သမ္မတအဖြစ်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နဲ့ ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို ရွေးချယ် လိုက်တာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကအမြင် ဘယ်လိုရှိပါသလဲ၊ ဗိုလ်မြတ်နိုး ကလောင်အမည်နဲ့ အသံလွှင့်ဆောင်းပါးရေးသားသူ တပ်မတော် အရာရှိဟောင်းနဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းတို့ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မြတ်နိုးက သူ့အမြင်ကို အခုလို စပြောပြပါတယ်။

“ကျနော်တို့လုပ်တုန်းကတော့ အဲဒီကာလမှာ ကျနော်တို့ ကြုံခဲ့တဲ့ ဒီပဲယင်း အရေးအခင်းဖြစ်တာနဲ့သွားပြီး တချိန်တည်းကြုံခဲ့တယ်။ ပြီးတော့ နိုင် ငံတကာကို သူတို့သွားပြီးတော့ နည်းနည်း tension လျှော့ချင်တဲ့ သဘောမျိုး နဲ့ အဲဒီတုန်းက Road Map (၇) ချက် ထုတ်ပြန်ခဲ့တာမျိုးတွေ လုပ်ခဲ့တာရှိတယ်ခင်ဗျ။ အဲဒီတုန်းက ဝန်ကြီးချုပ်ရဲ့ သုံးသပ်ချက်တို့၊ ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့တို့ သုံးသပ်ချက်တို့ ဆိုတာကလဲ ကာကွယ်ရေး ဦးစီးချုပ်လုပ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်နေတာလို့ ကျနော်တို့ မြင်တယ် ခင်ဗျ။”

အခု အဲဒီဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးတဲ့သူတယောက်ဟာ နိုင်ငံတော်သမ္မတဖြစ်ပြီ။ သမ္မတကြီး ဦးသိန်းစိန် လွတ်လွတ်လပ်လပ် လုပ်လို့ရမလားခင်ဗျ။ -

“လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်တွေကို တချို့ဟာတွေမှာ လုပ်ပိုင်ခွင့်ရလိမ့်မယ်လို့ ကျနော်တို့အနေနဲ့ မြင်တယ်ခင်ဗျ။ ဒါပေမဲ့ တခုပဲ နိုင်ငံတော် လုံခြုံရေးရာကောင်စီမှာ သူတို့ဘယ်လိုများ ထိန်းချုပ်မလဲ ဆိုတာမျိုးတွေ ရှိလာရင်တော့ ဒါ ကျနော်တို့ နည်းနည်းစောင့်ကြည့်ရမယ့် အနေအ ထားမျိုးပဲ ရှိပါတယ်။”

ဦးမြတ်နိုး ပြောတာက လွှတ်တော်ထဲမှာ ထိပ်တန်းအကျဆုံး ရေးရာကော်မတီတခုဖြစ်တဲ့ အမျိုးသား လုံခြုံရေးရာ ကော်မတီမှာ အဖွဲ့ဝင်တွေထဲ မှာ သမ္မတ၊ ဒုသမ္မတ နှစ်ယောက်လည်းပါတယ်။ ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပါတယ်။ -

“တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ အခြေအနေကိုကြည့်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ကို နောက် အာဏာသိမ်းခွင့် (၁) နှစ်၊ လိုအပ်လို့ရှိရင် နောက် (၆)လ၊ (၆)လနှစ်ခါနဲ့ (၂ ) နှစ် ထိန်းသိမ်းခွင့်ဆိုတာ၊ အဲဒါတွေ အကုန်လုံး ထည့်ထားတယ်ခင်ဗျ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍကလည်း အဲဒီအမျိုးသား လုံခြုံရေး ကော်မတီမှာ တော်တော်လေးကို အရေးပါနေမယ့် အနေအထားမျိုးရှိပါတယ်ခင်ဗျ။ နောက်ပြီးတော့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဆိုတာကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ချင်မှ ဖြစ်မှာ။ ကျနော်တို့ အရင်တုန်းက သတင်းတွေထွက်ဖူးတဲ့ စစ်ရေးချုပ် ဗိုလ် ချုပ်ကြီး သူရမြင့်အောင်တို့၊ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုတို့ သူတို့တွေ ဖြစ်လာရင်လည်း ဒါ အပေါ်က နေပြီးတော့ အရင်တုန်းက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းလည်ဖြစ်၊ အကြီးအကဲဟောင်းလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ သြဇာအာဏာအတိုင်းသာ သူတို့ လုပ်နေရဦးမယ်ဆိုတာ မြင်ပါ တယ်ခင်ဗျ။”

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးနေဝင်းလို အပြင်ကို ထွက်နေလိုက်ပြီးတော့ လုံးဝကို အနားယူ လိုက်ပြီး နေမှာလား။ အဲဒီဟာကို ဘယ် လိုမြင်လဲခင်ဗျ။ -

“ကျနော်တို့ အဲဒီဟာကို တချက်စဉ်းစားတာကတော့ သူတို့ နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု တွေမရှိစေရ ဘာညာဆိုပြီးတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေမှာ သူတို့ ထည့်ပြီးပြဌာန်းထားတာ ကျနော်တို့ တခါ တွေ့လိုက်တယ်ခင်ဗျ။ အခု နိုင်ငံတော်လုံခြုံရေးကောင်စီမှာ သူ့အနေနဲ့ ပါနိုင်တော့မယ် ထင်တယ်။ အဲဒီလိုသာ သူမပါနိုင်ဘူးဆိုရင်တော့ သူက ဘယ်လိုနေမလဲ။ သူတို့ထောင်ထားတဲ့ ကြံ့ဖွံ့ပါတီ ကြီးရဲ့ နာယကအနေ နဲ့ နေပြီးတော့ ထိန်းချုပ်မလား၊ နောက်တခုက အိမ်နီးချင်းနိုင်ငံ တရုတ်လိုပေါ့ဗျာ။ ဗဟိုစစ်ကော်မတီနဲ့ ဥက္ကဋ္ဌလိုဥစ္စာမျိုး ထွင်ပြီးတော့ ယူထားမ လားဆိုတာ ဒါကိုလည်း လှမ်းကြည့်နေတယ် ခင်ဗျ။ အဲဒီလိုတော့ သူ ချက်ချင်းလက်ငင်းကြီးတော့ လက်လွှတ်ရဲမယ်လို့ ကျနော် မထင်ဘူး ခင်ဗျ။”

သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ကျောက်မဲမြို့ ဇာတိဖြစ်တယ်။ ဗိုလ်မှူးစိုင်းသိန်းဝင်း တို့မြို့ကပဲ။ ဦးတင်အောင်မြင့်ဦးက သမ္မတတက်ပြီးဖြစ် သွားနိုင်တယ်လို့လည်း ကြားသိနေရပါတယ်။ အဲဒီတော့ ဦးသိန်းစိန်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ရော ကိုစိုင်းသိန်းဝင်း ဘယ်လောက် သိရှိ ထားပါသလဲခင်ဗျ။ -

“ဗိုလ်ချုပ်ကြီးသိန်းစိန်က သူက နှလုံးအတုအစားထိုးထားရတယ်။ pump တခုကို နှလုံးနေရာမှာ သူက ပြန်ပြီးတော့ အစားထိုးထားတယ် ဆို တာ ကျနော်တို့ကြားတယ်။ ဒီဗိုလ်ချုပ်ကြီးသိန်းစိန်က မိသားစု ကိုယ်ကျိုးအတွက် သူ လုပ်တာကိုင်တာ အသံမထွက်ဘူးပေါ့ဗျာ။ အဲဒီလိုမျိုးရှိပါ တယ်။ ပြီးတော့ အခုဟာက လုပ်နေရတာကလဲ မလွန်ဆန်နိုင်လို့ လုပ်နေရတဲ့ပုံစံနဲ့ ကျနော်တို့ အဲဒီလိုပဲမြင်ပါတယ်။ ဗိုလ်ချုပ်ကြီးတင်အောင်မြင့် ဦးကိုကျတော့ ကျနော်တို့ ကြောက်ကြတာပဲ ရှိတယ်ဗျ။ တပ်ထဲမှာနေတုန်းက ကြိုက်တယ် ဆိုတာတော့ တယောက်မှပြောတာ မကြားဖူးပါဘူး။”

သမ္မတ ဦးသိန်းစိန်နေရာမှာ သူ တက်ပြီးတော့ သမ္မတ လုပ်ရမယ်ဆိုရင် တိုင်းပြည်အတွက် ဘယ်လိုမြင်လဲခင်ဗျ။ ဘာတွေ ဖြစ်လာနိုင်သလဲ။ ဘာကြောင့်လဲဆိုတော့ တပ်မတော်အစုအဖွဲ့က သူ့ကိုရွေးလိုက်တာ ကိုး။ -

“ဒီနေရာမှာကတော့ သူတို့ရွေးတင်လိုက်တယ်လို့ ပြောရခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့် အရပဲ ဒါကို vote လုပ်ရတာဆိုတော့။ သူတို့ ရွေးတာတော့ မဟုတ်ဘူး၊ သူတို့အပြစ်တော့ မဟုတ်ပါဘူး။”

အခုလွှတ်တော်ထဲမှာ ကြည့်လိုက်တဲ့အခါကျတော့လဲ ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ် တော်တွေမှာရော လူငယ်တပ်မတော်အရာရှိတွေကို တပ်မတော်က တိုက်ရိုက်ခန့်အပ်တဲ့အမတ်တွေနဲ့ ပါလာတဲ့ အခါမှာ ဗိုလ်မှူးတို့အသက်အ ရွယ်။ ဗိုလ်မှူးတို့နဲ့ ခေတ်ပြိုင်တွေလောက်ပဲ ကျနော်တို့ တော်တော်များများ တွေ့ရတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲခင်ဗျ။ -

“လွှတ်တော်အမတ်တွေထဲကမှာကတော့ အင်ဂျင်နီယာတွေ၊ ကျနော်တို့ရဲ့ ဂျူနီယာတွေပေါ့ဗျာ သူတို့တွေလည်း ပါကြတယ်။ ဆိုတော့ DSA ကလည်း တော်တော်ငယ်တဲ့အဖွဲ့တွေ ပါတယ်။ ကျနော်တို့ထက် ၂ နှစ် ၃ နှစ်လောက်ငယ်တဲ့ အဖွဲ့တွေ ပါကြပါတယ်။ ရုရှပြန်တွေပေါ့။ အားလုံး နီးပါးကတော့ ဆရာဝန်တွေလည်း ပါပါတယ်။ ခါတိုင်း အရပ်သားတွေက ပြောပြောနေကြတာကိုး။ စစ်တပ်ကလူတွေက စာမတတ်ဘူး ဘာညာ ဆိုပြီးတော့ အဲဒီလို ပြောကြတာရှိတယ်။ အဲဒီအခါကျတော့ မင်းတို့ထက် ပညာဘွဲ့တွေ အများကြီးပိုရထားတဲ့ကောင်တွေကို ငါတို့ ဒီလိုခိုင်းပြ ထားတယ်ဆိုတာ မင်းတို့တွေ့လား ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်နိုင်ပါတယ်ခင်ဗျ။”

ကျေးဇူးတင်ပါတယ်ခင်ဗျ။

XS
SM
MD
LG