(Zawgyi/Unicode)
...............................
(Unicode)
မြန်မာနိုင်ငံ ယခင်၊ ယခုနဲ့ ရှေ့အလားအလာ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုမတိုင်ခင် ရှိခဲ့တဲ့ မြန်မာနိုင်ငံအခြေအနေ၊ စစ်အာဏာသိမ်းပြီးနောက် လက်ရှိ မြန်မာနိုင်ငံအခြေအနေ၊ လာမယ့် တနှစ်နဲ့ ဟိုဘက်ကာလမှာ ဘယ်လို မြန်မာနိုင်ငံမျိုးကို တွေ့မြင်ရနိုင်သလဲ ... စတာတွေနဲ့ပတ်သက်ပြီး အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။
ဗွီအိုအေမြန်မာပိုင်းရဲ့ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာ၊ ဝိုင်းတော်သား ဦးတင်မောင်သန်းတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။