သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတွေကို လုပ်ချင်သလိုလုပ်တဲ့ ဥပဒေမဲ့ ပြုကျင့်မှုတွေ ခေတ်ကုန်တော့မှာလား


استراحت هنگام موج سواری در آبهای ساحل جزایر کیپی وردی<br />
&nbsp;
استراحت هنگام موج سواری در آبهای ساحل جزایر کیپی وردی<br /> &nbsp;

မတ်လ တရက်နေ့က ပြည်ထောင်စု လွှတ်တော်ဟာ “ နိုင်ငံသားများဇ။် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း” ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ ဒီဥပဒေဟာ အလွန်ထူးခြားပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် ခေါ်ဆိုသတ်မှတ်နိုင်အောင် သက်သေခံပေးမယ့် ဥပဒေတစ်ရပ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တည်ဆဲ ဥပဒေပေါင်း ရာနဲ့ချီ ရှိနေပါတယ်။ အားလုံးနီးပါးလောက်ဟာ အစိုးရနဲ့ အာဏာပိုင်တွေကို အကာအကွယ်ပေးတာ၊ ပြည်သူတွေကို ဟိုဟာမလုပ်နဲ့၊ ဒီဟာ မလုပ်နဲ့၊ လုပ်ရင် ဒီလို ပြစ်ဒါဏ်တွေ စီရင်တာ ခံရမယ် ဆိုတဲ့ သဘော ပြဌာန်းထားတဲ့ ဥပဒေတွေချည်းပါပဲ။ လွှတ်တော်မှာ အတည်ပြုလိုက်ပြီး မကြာခင် နိုင်ငံတော် သမ္မတ က လက်မှတ်ရေးထိုး ထုတ်ပြန်တော့မယ့် အခုဥပဒေကတော့ အရင့်အရင်က ရှိနှင့်နေပြီးသား ဥပဒေတွေနဲ့ ခြားနားပြီး ပြည်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေ ဖြစ်သလို၊ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ဥပဒေပါ ပြဌာန်းချက်ကို မလိုက်နာရင်၊ ပျက်ကွက်ရင် ထောင်ဘယ်လောက် ချမယ်၊ ငွေဒါဏ် ဘယ်လောက် ဆောင်ရမယ် ဆိုပြီး ပြဌာန်းပေးထားတဲ့ ဥပဒေမျိုး ဖြစ်လို့ပါပဲ။ ဒီ ဥပဒေ ဘယ်လိုမျိုးလဲ၊ ဥပဒေ အတည်ဖြစ်လာအောင် လွှတ်တော်ထဲ ဘယ်လို ကြိုးစားခဲ့ကြရသလဲ၊ မူလ ဥပဒေကြမ်းနဲ့ အခု အတည်ပြုလိုက်တဲ့ ဥပဒေအကြား ဘာတွေ ကွာခြားသွားသလဲ၊ ဒီ ဥပဒေ ဘယ်လို အကျိုးသက်ရောက်စေနိုင်သလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အတည်ပြုပြီး ဥပဒေထဲမှာ ခုလို အချက်အလက်တွေ ပါပါတယ်။ အခန်း(၃) “သက်ဆိုင်ရာ ဝန်ကြီးဌာနဇ။် တာဝန်များ” ခေါင်းစဉ်အောက်မှာ ပုဒ်မ ၅။သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည် -(က) တည်ဆဲဥပဒေနှင့် အညီမှ တစ်ပါး မည်သူ့ကိုမှ လွတ်လပ်မှုကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ဖြစ်စေ၊ နစ်နာဆုံးရှုံးမှု မရှိစေရန် မည်သူ့ကို မဆို ကာကွယ်ပေးရမည်။ (ခ) ပုဂ္ဂိုလ် တစ်ဦးဦးဇ။် နေအိမ်အဖြစ် အသုံးပြုသော အခန်း၊ အဆောက်အဦ သို့မဟုတ် ပရဝုဏ် အတွင်းသို့ တည်ဆဲ ဥပဒေ တစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ သို့မဟုတ် သူတစ်ဦးဦးအား ဖမ်းဆီးခြင်း ပြုလုပ်လိုလျင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ရာအိမ်မှူး သို့မဟုတ် ဆယ်အိမ်မှူးဖြစ်စေ၊ အနည်းဆုံး သက်သေနှစ်ဦးနှင့် အတူ ဆောင်ရွက်ရမည်။ ဆိုပြီး ဖော်ပြထားပါတယ်။

တားမြစ်ချက်များ အခန်းမှာတော့ ပုဒ်မ ၇။ မည်သူမှ တည်ဆဲ ဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့် ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားရုံးဇ။် ခွင့်ပြုချက်မရှိပဲ မည်သူ့ကိုမှ ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခြင်း မပြုရ။ ပုဒ်မ ၈။ မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့် ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာ မရှိပဲဖြစ်စေ၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ပြည်ထောင်စု အစိုးရ အဖွဲ့ဇ။် ခွင့်ပြုချက် မရှိပဲ ဖြစ်စေ (က)နိုင်ငံသားတစ်ဦးဇ။် နေအိမ်၊ နေအိမ်အဖြစ် အသုံးပြုသော အခန်း၊ အဆောက်အဦ သို့မဟုတ် ပရဝုဏ်အတွင်း ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ သို့မဟုတ် သူတစ်ဦးဦးအား ဖမ်းဆီးခြင်း မပြုရ။ (ခ) နိုင်ငံသားတစ်ဦးဇ။် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် လူ့ဂုဏ်သိက္ခာ ထိခိုက်စေသော နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့် စုံစမ်းခြင်း မပြုရ။ (ဂ) ပုဂ္ဂိုလ် တစ်ဦးနှင့် တစ်ဦးအကြား ဆက်သွယ်ရေး ကရိယာ တစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ် ဖမ်းယူနားထောင်ခြင်း၊ သို့မဟုတ် တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်း မပြုလုပ်ရ။ အစရှိသဖြင့် ပြဌာန်းထားပါတယ်။

အဲဒီ ပုဒ်မ ၈ ထဲမှာပဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ဆက် သွယ်ရေး အော်ပရေတာတွေ ဆီကနေ တောင်းယူခြင်း၊ ထုတ်ပေးခြင်း မပြုဖို့၊ ပြည်သူတွေကြား ဆက်သွယ်ပေးပို့တဲ့ စာအိပ်တွေ၊ ချောထုတ်နဲ့ ပါဆယ်ထုတ်တွေကို ဖွင့်ဖေါက်၊ ရှာဖွေ၊ သိမ်းဆည်းတာ၊ ဖျောက်ဖျက်တာ မလုပ်ဖို့၊ နိုင်ငံသား တစ်ယောက်ပိုင်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို မတရားသိမ်းဆည်းတာမျိုး မလုပ်ရ ဆိုပြီး ပြဌာန်းထားပါတယ်။ ဒီ ပြဌာန်းချက်တွေကို မလိုက်နာရင် ရဲ၊ ဒါမှမဟုတ် ဝန်ကြီးဌာန တာဝန်ရှိသူတွေကို ထောင်ဒါဏ် ၆ လကနေ ၃ နှစ်အထိ အပြင် ငွေဒါဏ်ပါ ချမှတ်နိုင်တယ် ဆိုပြီး ဖော်ပြထားပါတယ်။

ပုဒ်မ ၉ မှာတော့ ပြည်သူတွေ အနေနဲ့ အဲလို ပြုမူခံရတယ်လို့ ရဲတပ်ဖွဲ့ကို သွားတိုင်ရင် ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄ နဲ့အညီ ချက်ခြင်း အရေးယူဆောင်ရွက်ရမယ် လို့ ဖော်ပြထားပြီး မလိုက်နာ၊ စစ်ဆေး အပြစ်ရှိကြောင်း တွေ့ရှိရင် အဲဒီ ရဲတပ်ဖွဲ့ စခန်းမှူးကို ထောင် တစ်နှစ်ကနေ ၅နှစ်အထိ ချနိုင်တဲ့အပြင် ငွေဒါဏ်ပါ ချနိုင်တယ် ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

ထူးခြားချက် အနေနဲ့ကတော့ နိုင်ငံသား တစ်ယောက်ကို နောက်ယောင် ခံ စောင့်ကြည့်တာ၊ စုံစမ်းတာ မလုပ်ဖို့ ဖော်ပြထားတဲ့ ပုဒ်မ ၉ တစ်ခုလုံးကိုတော့ဖြုတ်ထား လိုက်တာ တွေ့ရပါတယ်။ ဒါကလည်း ပုဒ်မ ၈ ထဲမှာ အဲဒီလို အဓိပ္ပါယ်ရတဲ့ စာသားတွေ ပါဝင်နေပြီးဖြစ်တာကြောင့် ဖြုတ်ပယ် ထားလိုက်တာပါ။ ဒါကြောင့် မူလ ဥပဒေကြမ်းမှာ အခန်း ၆ ခန်း ပုဒ်မ ၁၅ ခုပါပေမယ့် အခု အတည်ပြုပြီး ဥပဒေမှာ ပုဒ်မ ၁၄ ခုပဲ ပါပါတော့တယ်။

ဒီဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်းမှာ အခြေအတင် အများကြီး ဆွေးနွေးခဲ့ကြပါသေးတယ်။ အထူးသဖြင့် ပြည်သူတွေကို အခုလို ဥပဒေပြဌာန်းပြီး အကာအကွယ်ပေးလိုက်ရင် လုံခြုံရေးဆိုင်ရာ ပြသနာ ရှိလာနိုင်တယ် ဆိုပြီး မေးခွန်းထုတ်မှု ဖြစ်ပါတယ်။ ဥပမာ လုံခြုံရေးအရ လိုအပ်ရင် နောက်ယောင်ခံ လိုက်ကြည့်မယ်၊ လိုအပ်ရင် တယ်လီဖုန်း ဆက်သွယ်ရေး ဆိုင်ရာ အချက်အလက်တွေကို တောင်းယူမယ်၊ ကြားဖြတ် နားထောင်မယ် စတဲ့ အချက်တွေမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အင်န်အယ်လ်ဒီ ဘက်ကနေ ပုဒ်မ ၈ မှာ “မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့် ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာ မရှိပဲဖြစ်စေ၊ နိုင်ငံတော် သမ္မတ သို့မဟုတ် ပြည်ထောင်စု အစိုးရ အဖွဲ့ဇ။် ခွင့်ပြုချက် မရှိပဲ ဖြစ်စေ” ဆိုတဲ့ စကားရပ် ထပ်ပြီး ဖြည့်သွင်း အတည်ပြုခဲ့တာ တွေ့ရပါတယ်။ အဓိပ္ပါယ်ကတော့ ဥပဒေနဲ့ အညီ ဆိုရင် ဒါတွေ လုပ်လို့ရတယ်၊ ဥပဒေမဲ့တွေ မလုပ်ကြနဲ့ ဆိုတဲ့ သဘောပါပဲ။

အထူးခြားဆုံးကတော့ ဒီပြဌာန်းချက်ပါ ပုဒ်မတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံရတယ်လို့ ထင်တဲ့ ပြည်သူတွေက တိုင်ကြားလာရင် ဝန်ကြီးဌာနဟာ ရက်ပေါင်း ၃၀ အတွင်း အကြောင်းပြန်ကြားရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ပိုပြီး အဓိကကျတာက ရဲစခန်းကို သွားတိုင်ရင်၊ သွားပြီး သတင်းပေးရင် ရဲစခန်းမှူးဟာ ပုဒ်မ ၁၅၄ နဲ့အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်ပေးရမယ်၊ အဲဒါကို အကြောင်းမဲ့ ပျက်ကွက်ရင် ထောင်တစ်နှစ်ကနေ ၅ နှစ်အထိ ချခံရမယ် ဆိုတာပါပဲ။

ခြုံပြီးပြောရရင်တော့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော် လက်ထက်မှာ အခုလို ဒီမိုကရေစီ ဆန်တဲ့ ဥပဒေမျိုး ပြဌာန်းနိုင်ခဲ့တာ ဖြစ်လို့ ပြည်သူတွေအတွက် အများကြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။ အရင် ခေတ်ဟောင်းတုန်းကလို အာဏာပိုင်တွေဟာ ပြည်သူတွေရဲ့ နေအိမ် တံခါးတွေ ရိုက်ချိုး၊ ဝင်ချင်သလို ဝင်မယ်၊ ဖမ်းချင်သလို ဖမ်းမယ်၊ ခဏဆိုပြီး ခေါ်သွားချင် ခေါ်သွားမယ်၊ နှိပ်စက်ချင် နှိပ်စက်မယ်၊ တယ်လီဖုန်းတွေ ကြားဖြတ် နားထောင်ချင်တိုင်း နားထောင်မယ် စတာတွေ လုပ်လို့ရတဲ့ ခေတ် ကုန်တော့မယ် ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ ဥပဒေအတွက် တပ်မတော်က ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက နည်းဥပဒေ ရေးဆွဲရမှာဖြစ်လို့၊ ဥပဒေ အသက်ဘယ်လောက် ဝင်တယ်၊ ပြည်သူလူထု အနေနဲ့ တရားဥပဒေရဲ့ အကာအကွယ် အစောင့်အရှောက် ဘယ်လောက်ရတယ် ဆိုတာ ဆက်ပြီး စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG