သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဝင်ဆန့်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမည်


နိုင်ငံတကာ ဝင်ဆန့်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမည်
နိုင်ငံတကာ ဝင်ဆန့်ဖို့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရမည်

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုးလို သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို ပြသဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်နဲ့ သောကြာနေ့က တယ်လီဖုန်းကတဆင့် ဆွေးနွေးရာမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုလိုက်တာပါ။

အစိုးရသစ်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ကတိပြုထားတာတွေကို ကြိုဆိုပေမဲ့ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီ တိုင်းပြည်တခု ဖြစ်လာစေဖို့ ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ဖို့ကိုလည်း မျှော်လင့်ကြောင်း ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ နိုင်ငံတကာ အသိုင်းအဝန်းက မျှော်လင့်ထားတဲ့ အရေးကြီးဆုံး လုပ်ငန်းတခုအဖြစ် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ လိုအပ်ကြောင်း အတွင်းရေးမှူးချုပ်က အလေးထားပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ လောက် ရှိတယ်လို့ ပြောပေမဲ့ မြန်မာအာဏာပိုင်တွေကတော့ နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်ဆိုတာကို လက်ခံလေ့ မရှိသလို ဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ရာဇဝတ်မှုတွေနဲ့ အရေးယူထားတာ ဖြစ်တယ်လို့ ပြောဆိုလေ့ရှိတာပါ။

မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တယ်လီဖုန်းက စကားပြောဆိုရာမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အရပ်သားတွေ ထိခိုက်နစ်နာမှုတွေ ကြုံနေရတဲ့အပေါ် စိုးရိမ်မကင်း ဖြစ်မှုတွေကိုလည်း ပြောဆိုခဲ့သလို မြန်မာအစိုးရအနေနဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG