သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရောက်မည်


ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရောက်မည်
ကုလသမဂ္ဂ အကြီးတန်းအရာရှိ နှစ်ရက်ကြာ မြန်မာပြည် လာရောက်မည်

ကုလသမဂ္ဂရဲ့ထိပ်တန်း အရာရှိတဦး မြန်မာပြည်ကို မနက်ဖြန်မှာ ရောက်လာဖို့ရှိနေပါတယ်။ ရောက်လာတဲ့အခါ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ရော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ မြန်မာအာဏာပိုင်တွေက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းအရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ်တာဝန် ထမ်းဆောင်နေတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား မြန်မာပြည်ကို ၂ ရက်ကြာခရီးနဲ့ ရောက်လာဖို့ရှိနေတာပါ။

သူဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ပြောနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပြင် တခြား နိုင်ငံရေး ပါတီတွေနဲ့လည်း တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။ အခု သူ့ရဲ့ခရီးစဉ်ဟာ မြန်မာပြည်ကို ပထမဆုံးအကြိမ် ရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ မစ္စတာ ဘီဂျေး နမ်ဘီးယားဟာ အိန္ဒိယနွယ်ဖွား ပုဂ္ဂိုလ်တဦးဖြစ်ပြီး အသက် ၆၇ နှစ် ရှိပြီဖြစ်ပါတယ်။

XS
SM
MD
LG