သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
မြန်မာ့အရေး ကုလ စုံစမ်းကော်မရှင်ဖွဲ့ရန် အမေရိကန် ဦးဆောင်ဖို့ တိုက်တွန်း
နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလ စုံစမ်းကော်မရှင်ဖွဲ့ရန် အမေရိကန် ဦးဆောင်ဖို့ တိုက်တွန်း


မြန်မာ့အရေး ကုလ စုံစမ်းကော်မရှင်ဖွဲ့ရန် အမေရိကန် ဦးဆောင်ဖို့ တိုက်တွန်း
မြန်မာ့အရေး ကုလ စုံစမ်းကော်မရှင်ဖွဲ့ရန် အမေရိကန် ဦးဆောင်ဖို့ တိုက်တွန်း

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂမှာ ကော်မရှင်တခု ဖွဲ့စည်းရေး အမေရိကန် လွှတ်တော်အမတ် တချို့က တိုက်တွန်းလိုက်တယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ U.S. Campaign for Burma အဖွဲ့က ပြောပါတယ်။

မြန်မာပြည်နဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှု အသစ်လုပ်ဖို့ သမ္မတ အိုဘားမားကို အမေရိကန် အထက်လွှတ်တော် အမတ်တွေ ပြီးခဲ့တဲ့လက တိုက်တွန်းခဲ့တာ ရှိပါတယ်။

အဲဒီလမ်းကြောင်းအတိုင်း အောက်လွှတ်တော်အမတ် ၃၁ ဦးက အခုဆက်ပြီး တိုက်တွန်းမှုတွေ လုပ်လာတာလို့ U.S. Campaign for Burma အဖွဲ့က မနေ့က သတင်းကြေညာချက် ထုတ်ပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ အကြားမှာ ဆက်ဆံရေးတွေ တိုးလာနေတယ်လို့ ပြောဆိုမှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး အောက်လွှတ်တော်ကို ပြောဆိုဖို့ သမ္မတ အိုဘားမားကို အထက်လွှတ်တော် အမတ်တွေက တိုက်တွန်းခဲ့တာပါ။

မြန်မာအစိုးရရဲ့ အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတခု လုပ်ဆောင်ရေး အမေရိကန်က ဦးဆောင်ပြီး လုပ်ဖို့ သမ္မတ အိုဘားမားကို တိုက်တွန်းခဲ့ကြတာပါ။

အောက်လွှတ်တော်အမတ် ၃၁ ဦး မနေ့တုန်းက သမ္မတကို တိုက်တွန်းခဲ့ကြတဲ့ အထဲမှာလည်း မြန်မာပြည်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ စုံစမ်းစစ်ဆေးမှု ကော်မရှင်တခု ထူထောင်ရေး အမေရိကန်က နောက်တကြိမ် ထပ်ပြီး တွန်းအားပေးဖို့ တိုက်တွန်းခဲ့ကြတာပါ။

စစ်တပ်ဘက်က လွှမ်းမိုးထားတဲ့ မြန်မာအစိုးရဟာ ကမ္ဘာပေါ်မှာ ပြည်သူတွေကို အဖိနှိပ်ဆုံး အစိုးရတွေထဲက တခုဖြစ်ပြီး အဓမ္မ လုပ်အားပေး ခိုင်းတာတွေ၊ လူနည်းစု တိုင်းရင်းသားတွေကို တိုက်ခိုက်နေတာတွေနဲ့ အာဏာပိုင်တွေကို ဝေဖန်တဲ့ သူတွေကို ဖမ်းဆီးတာ၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာတွေကို လုပ်ဆောင်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

XS
SM
MD
LG