သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ရင် အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မည်


ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ရင် အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မည်
ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ရင် အမေရိကန်-မြန်မာ ဆက်ဆံရေး တိုးတက်မည်

မြန်မာနိုင်ငံမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးမယ်၊ လူမျိုးစု လူနည်းစုတွေအပေါ် အကြမ်းဖက်တာတွေကို အဆုံးသတ်မယ်၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံတာတွေကို ရပ်ဆိုင်းမယ်ဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးတက်လာနိုင်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်ပါတယ်။

မြန်မာလူထု၊ မြန်မာအစိုးရနဲ့အတူ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လျှောက်သွားဖို့ အမေရိကန်က သန္နိဋ္ဌာန် ချထားပါတယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ စနေနေ့က တယ်လီဖုန်းကတဆင့် မစ္စစ်ကလင်တန်က ဆက်သွယ်ပြောဆိုခဲ့တာပါ။ သံတမန် ဆက်ဆံရေး ပြန်ပြီး ထူထောင်ဖို့လည်း သူတို့နှစ်ယောက် ပြောဆိုခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းနဲ့ စကားပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေကို တန်ပြန် လုပ်ဆောင်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတို့ကို သူ ပြောခဲ့တဲ့အကြောင်း တယ်လီဖုန်းကနေ စကားပြောအပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ္စစ်ကလင်တန်က ပြောထားပါတယ်။

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးလိုက်ပြီးတဲ့ နောက်တစ်ရက်မှာပဲ ဟီလာရီ ကလင်တန်က အခုလို တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောဆိုခဲ့တာပါ။ အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား သံအမတ်ကြီးအဆင့် အပြန်အလှန် ဆက်သွယ်ရေး လုပ်ငန်းစဉ်တွေ စလုပ်တော့မယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးအပြီး သိပ်မကြာခင်မှာပဲ အမေရိကန်က ကြေညာထားပါတယ်။

XS
SM
MD
LG