သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကုန်သွယ်မှု ကန် တိုးမြှင့်မည်


မြန်မာပြည်တွင်းသုံး ကျပ်ငွေနဲ့ နိုင်ငံခြားငွေများ
မြန်မာပြည်တွင်းသုံး ကျပ်ငွေနဲ့ နိုင်ငံခြားငွေများ
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားရေးမှာ ဝင်ဆန့်လာဖို့နဲ့ အမေရိကန် ပြည်ထောင်စု နဲ့ ကုန်သွယ်ရေး မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ရေတို၊ ရေရှည် ဘဏ္ဍာရေး အကူအညီတွေ ပေးအပ်မှာ ဖြစ်တဲ့ အကြောင်း အမေရိကန် ပို့ကုန်၊ သွင်းကုန်ဘဏ် EXIM ဘဏ်က ကြေညာ လိုက်ပါတယ်။ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံကို ကုန်တင်ပို့မှုတွေ အားကောင်းလာစေဖို့၊ အမေရိကန်မှာ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့ ရည်ရွယ်ပြီး အကူအညီပေးမှာ ဖြစ်တယ်လို့လည်း ကြာသပတေးနေ့ ကြေညာချက်က ဖော်ပြထားတာပါ။

အခုဆိုရင်တော့ EXIM ဘဏ် အနေနဲ့ မြန်မာနိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုတွေနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေ အနေနဲ့ ယုံကြည်စိတ်ချရ တယ်ဆိုရင် ငွေထုတ်ချေး သွားမှာ ဖြစ်သလို၊ အစိုးရတွေ အနေနဲ့ ငွေကြေးလွှဲပြောင်းရာမှာ ၆ လကနေ ၁၂ လအထိ ရေတို အာမခံပေးမှာလည်း ဖြစ်ပါတယ်။

အမေရိကန် လုပ်ငန်းတွေအနေနဲ့ လူသုံးကုန်တွေ၊ စိုက်ပျိုးရေးနဲ့ သတ္ထုတွင်း တူးဖော်ရေး ကဏ္ဍအတွက် ပစ္စည်းကရိယာတွေ တင်ပို့နိုင်မယ့် အလားအလာတွေ ရှိနေတဲ့အကြောင်းလည်း ပြောပါတယ်။ မကြာသေးခင် နှစ်တွေ အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အပြောင်းအလဲတွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း အမေရိကန်က စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ပေါ့လာခဲ့တာ ဖြစ်ပေမဲ့ ကုန်သွယ်မှုတွေမှာတော့ အားနည်းနေဆဲပါ။

ပြီးခဲ့တဲ့နှစ် ၂၀၁၃ ခုနှစ်ထဲမှာ ဆိုရင်လည်း အမေရိကန်က တင်ပို့တဲ့ ကုန်သွယ်မှု ပမာဏဟာ ဒေါ်လာ ၁၄၅ သန်းသာ ရှိခဲ့သလို၊ မြန်မာနိုင်ငံက အမေရိကန်ကို တင်ပို့မှုဟာ ဆိုရင်လည်း ဒေါ်လာသန်း ၃၀ သာ ရှိခဲ့ပါတယ်။
XS
SM
MD
LG