သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး တိုးတက်အောင်လုပ်မည်


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆက်ဆံရေးကို ပိုပြီး ကောင်းမွန်အောင် လုပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က ပြောလိုက်ပါတယ်။ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ IISS က စင်ကာပူမှာ စီစဉ်လုပ်တဲ့ အာရှဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ Shangri-la Dialogue မှာ ကာကွယ်ရေးဝန်ကြီး Panetta က ပြောသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့ အကောင်အထည်ဖော်ပြီး နိုင်ငံရေး လွတ်လပ်ခွင့် ပိုပေးလာမယ်ဆိုရင် အမေရိကန်နဲ့ မြန်မာကြား စစ်ဘက် ဆက်ဆံရေး တိုးတက်စေမဲ့ နည်းလမ်းတွေကို ဆွေးနွေးသွားဖို့ ပင်တဂွန် (Pantegon) စစ်ဌာနချုပ်က လိုလိုလားလား ရှိတယ်လို့ မစ္စတာ Panetta ကပြောပါတယ်။ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရက လျှော့ပေါ့မှုတွေ လုပ်ပေးပြီး မှန်ကန်တဲ့လမ်းကို သွားဖို့ ကြိုးစားအားပေးနေတယ် ဆိုတာကိုလည်း ကာကွယ်ရေးဝန်ကြီးက ထပ်ပြီး ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံတွေအနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်ကြဖို့အတွက် ကာကွယ်ရေးဆိုင်ရာ စွမ်းရည်တွေမြှင့်တင်ရေးအတွက် အကူအညီပေးမှာ ဖြစ်တယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta က အာရှဒေသလုံခြုံရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲမှာ ပြောကြားသွားပါတယ်။

XS
SM
MD
LG