အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ရဲ့ ထိတွေ့ဆက်ဆံရေးကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပေမဲ့ လက်တွေ့ကျဖို့လည်း အမေရိကန်ကို တိုက်တွန်းလိုက်ပါတယ်။
စစ်အစိုးရနဲ့ ဆက်ဆံဖို့ ဆုံးဖြတ်လိုက်ပြီး အမေရိကန်က ကျမတို့ကို ကျောခိုင်းသွားပြီလို့ ပြောကြတဲ့ လူတော်တော်များများ ရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒါပေမဲ့ သူကတော့ အဲဒီလို မတွေးပါဘူးတဲ့။ နှစ်နိုင်ငံ ဆက်ဆံကြတယ်ဆိုတာ ကောင်းတယ်လို့ သူက ထင်ပေမဲ့ လက်တွေ့လည်း ကျစေချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အရှေ့အာရှရေးရာ လက်ထောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကာ့(တ်) ကမ်းဘဲလ် (Kurt Campbell) က စစ်အစိုးရနဲ့ စကားပြောရာမှာ ဦးဆောင်ခဲ့ပေမဲ့ ခုအထိတော့ ရလဒ်က စိတ်ပျက်စရာ ဖြစ်ပါတယ်လို့ စက်တင်ဘာလ က ပြောခဲ့ပါတယ်။