မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ထွန်းနေတဲ့ ပြုပြင်ပြောင်းလဲရေးဟာ ကျန် ကမ္ဘာ့နိုင်ငံ အချို့မှာလို အာဏာရှင် စနစ်ကို လုံးဝ တွန်းလှန်ဖြိုဖျက်ပြီးမှ စတင်လိုက်တာမဟုတ်ပဲ၊ စနစ်ဟောင်း နဲ့ ညှိနှိုင်း ပြီးပြောင်းလဲ လာတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဒီလိုထူးခြားတဲ့ ပြောင်းလဲမှု ပုံစံဟာ ဒီမိုကရေစီ ပီပီပြင်ပြင် ထွန်းကားရေးအတွက် အထောက်အပံ့ဖြစ်စေသလား၊ အဟန့်အတား ဖြစ်စေသလား ဆိုတာကို လန်ဒန် အခြေစိုက် မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ခင်၊ မြန်မာ့အရေးလေ့လာသူ စာရေးဆရာ ဂါမဏိကို ပင်တိုင်ထားပြီး သောတရှင်တွေကို ဖိတ်ခေါ်ပြီး ဦးကျော်ဇံသာက ဆွေးနွေးထားပါတယ်။