သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဆန္ဒပြခွင့် မရှိသေး


မြန်မာနိုင်ငံမှာ ဆန္ဒပြခွင့် မရှိသေး
မြန်မာနိုင်ငံမှာ ဆန္ဒပြခွင့် မရှိသေး

အစိုးရက ဆန္ဒပြခွင့်ဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက်မှာ ပထမဆုံး အလုပ်သမား လှုပ်ရှားမှုတခုအဖြစ် သစ်လုပ်ငန်း လုပ်သားတွေ ရန်ကုန်မြို့မှာ ဆန္ဒပြ တောင်းဆိုမှုတခုကို လုပ်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် စက်မှုဇုံက သစ်အချောထည် စက်ရုံတခုက အလုပ်ထုတ်ခံခဲ့ရတဲ့ လုပ်သားတွေကိုတော့
ဆန္ဒပြခွင့် မရှိတဲ့အကြောင်း စက်ရုံ တာဝန်ရှိသူတွေက ပြောဆိုပြီးတော့ ဆန္ဒပြပွဲကို ရပ်ဆိုင်းဖို့ ဟန့်တား ခဲ့ကြတာပါ။ ပြဿနာကို မကျေနပ်ရင်တော့ အလုပ်သမားအရေးနဲ့ သက်ဆိုင်ရာ ဌာနတွေကို ဆက်ပြီး အကြောင်းကြားပေးမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း ပြောပါတယ်။ အပြည့်အစုံကိုတော့ မအေးအေးမာက တင်ပြပေးထားပါတယ်။

လုပ်သက် ၇ နှစ်ကနေ ၁၄ နှစ်ကြာရှိတဲ့ တောင်ဒဂုံ စက်မူဇုံ အလုပ်သမားတွေကို အလုပ်ရှင်က လုပ်ငန်း လိုအပ်ချက်ကြောင့်ဆိုကာ နစ်နာကြေး နဲနဲပဲပေးပြီး အလုပ်သမားများကို အလုပ်က ဖြုတ်ပစ်ခဲ့တာကြောင့် ဆနပြမူဖြစ်ခဲ့တာပါ။ ဆနပြမူကို ရန်ကုန်တိုင်းဒေသကြီးက အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှူးကိုယ်တိုင် လာရောက်ပြီး အလုပ်ရှင်နဲ့ ညှိနှိုင်ခဲ့ပေမဲ့ ပြေလည်မူမရှိကြောင်း ဆန္ဒပြနေတဲ့ အလုပ်သမာတဦးက ပြောပါတယ်။

“အလုပ်သမားညွန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူးကနေပြီးတော့ ဝါဏိဇ္ဇကို ဆက်တင်ပြီးတော့ ဖြေရှင်းပေးမယ် ဆိုပြီးတော့ သူတို့က အဲဒီလို ပြောသွားတယ်။ သူတို့က ကြားထဲကနေ ဖြေရှင်းပေးတာ။ အလုပ်ရှင်ဖက်က ခင်ဗျားတို့ တောင်းဆိုတာကို မပေးနိုင်ဘူး။ လူတထောင်ကိုပဲ သူတို့ ပေးမယ်။ ကျေနပ်မှု ရှိလား၊ ကျေနပ်မှု မရှိရင်တော့ ခင်ဗျားတို့ ဝါဏိဇ္ဇကို ဆက်ပြီး ပြောမလားဆိုတော့ ကျနော်တို့ ဒီဇင်္ဘာရောက်မှ တက်မယ်ဆိုပြီး လက်မှတ် ထိုးပေးလိုက်တယ်။”

မနက်ပိုင်းမှာတော့ မြို့နယ် အလုပ်သမားညွန်ကြားမှု ဦးစီးဌာနကလာပြီး ဆန္ဒပြလို့ မရကြောင်း လာရောက် တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြရခြင်း အကြောင်းရင်းကို ပြောပြခဲ့တာကတော့။

“ဆန္ဒပြပွဲကို လုပ်ရခြင်းကိုတော့ သူတို့က ဆန္ဒပြပွဲ လုပ်လို့ရဘူးပေါ့နော်။ သူတို့ ပေးတဲ့အထဲမှာ ကျနော်တို့ လုပ်သက် တစ်နှစ်လျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် လုပ်သက် နှစ်အလိုက် ဆုကြေးဆိုပြီးတော့ သူတို့က ပြောထားတယ်။ အဲဒါကို ကျနော်တို့ ၁၄ နှစ်ရှိရင် ၁,၄၀၀၀ ပဲ ရမယ်ပေါ့ဗျာ။ ကျနော်တို့ကို လျော်ကြေးပေး ထုတ်တဲ့အတွက် ကျနော်တို့ လုပ်သက် တစ်နှစ်ကို ၁,၀၀၀ နှုန်းနဲ့ ဒါ ဆုကြေးအနေနဲ့ ကျနော်တို့ကို ၁၄ နှစ်ရှိလို့ရှိရင် ၁,၄၀၀၀ ပေးမယ်။ ၁၀ နှစ်ရှိရင် ၁၀,၀၀၀ ပေါ့။ ဒီလိုပေးမယ်ဆိုပြီး သူက လွှတ်တယ်။
ဒီအပေါ်မှာ မကျေနပ်လို့ ဒီအချက်လေးကို ညှိပေးဖို့ ကျနော်တို့က ပြောတာပါ။ ကျနော်တို့က ဥပဒေအတိုင်း ဖြစ်စေချင်တာပေါ့။"


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ စုဝေးခွင့် ဆန္ဒပြခွင့် ဥပဒေကို ဒီဇင်ဘာလ ၂ ရက်နေ့က အတည်ပြုပြီးတဲ့နောက် အခုလို ဆနပြမူတွေ ဖြစ်လာခဲ့တာပါ။ အခုဆန္ဒပြမူဟာ အလုပ်သမားတွေ အနေနဲ့ သူတိုရဲ့ လုပ်ငန်းခွင့်မှာ အလုပ်ရှင်ထံကနေ နစ်နာကြေးရဖို့ ပြတာဖြစ်တယ်လို့ ရန်ကုန်မြို့က ဥပေဒေအတိုင်ပင်ခံ ဦးအောင်သိန်းက ပြောပါတယ်။

“အခုဟာက သူတို့အလုပ်ရုံမှာ သူတို့ကိုမပေးရင် သူတို့က မဖျက်ဘူး။ သူတို့ အလုပ်လဲ ဆက်မလုပ်ဘူး။ သူတို့ကို ပေးရမယ့် တာဝန်တွေ ရှိတယ်။ သူတို့ကို တနှစ်မှ လျော်ကြေး ၁,၀၀၀ လောက်ပဲ ပေးတယ်ဆိုရင် အဲဒီမှာ ၇ နှစ်၊ ၈ နှစ်၊ ၉ နှစ် သမားတွေဆိုရင် ဘယ်လို လုပ်မလဲ။ သူတို့အတွက် သိပ်နစ်နာတယ်။ သူတို့ နစ်နာကြေးကို ညှိပေးဖို့အတွက် သူတို့ ဒီစက်ရုံထဲမှာပဲ ထိုင်ဆန္ဒပြတာပဲ။ ဘာမှ သူတို့ အော်တာ ဟစ်တာ မဟုတ်ဘူး။ ဖျက်တာ ဆီးတာ မဟုတ်ဘူး။ အဲဒီတော သူတို့ရဲ့ သူတို့ရဲ့ နစ်နာမှုအပေါ်မှာ အာဏာပိုင်တွေ
လာညှိပေးအောင် သူတို့ပြောတဲ့ ကိစ္စပဲ။

ဒါ ဥပဒေနဲ့တော့ မဆိုင်ဘူး။ ဆန္ဒပြပိုင်ခွင့်ဥပဒေနဲ့တော့ မဆိုင်ဘူးလို့ပဲ အန်ကယ်က ပြောမယ်။ ဆန္ဒပြခွင့် ဥပဒေက လုပ်ထုံး လုပ်နည်းတွေ မထွက်သေးတဲ့ အတွက် ဆန္ဒပြတဲ့ ဥပဒေ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့် ဆိုတဲ့ဥစ္စာဟာ လုပ်ထုံး လုပ်နည်းတွေကို ပြည်ထဲရေး ဝန်ကြီးဌာနက မထွက်သေးတဲ့အတွက် အဲဒါကို ခွင့်မပြုသေးဘူး ဆိုပြီးတော့ သူတို့ ဒါကို ကြိုခွင့်တောင်းတဲ့သူတွေအပေါ် တားမြစ်ထားတာပေါ့လေ။”


မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ အပါအဝင် နိုင်ငံရေး တိုးတက်မှုတွေ ရရှိဖို့ တောင်းဆို ဆန္ဒပြကြမယ့် နိုင်ငံရေး တက်ကြွသူတွေရဲ့ လျှောက်ထားချက်ကိုတော့ အာဏာပိုင်တွေက လက်မခံပဲ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ အခုလို အလုပ်သမားတွေ ဆန္ဒပြသလိုမျိုး ဆန္ဒပြလို့ မရဘူးဆိုတဲ့အကြောင်း လာရောက်ပိတ်ပင်ခဲ့ပါတယ်။

အလုပ်သမားတွေကတော့ ညနေပိုင်းမှာ ဆန္ဒပြမူကို ရုပ်သိမ်းခဲ့ပေမဲ့ ပြေလည်မူမရှိပဲ အလုပ်သမားနဲ့ အလုပ်ရှင် ညှိနှိုင်းပေးတဲ့ရုံးအထိတက်ပြီး နစ်နာကြေးရဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG