သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BURMA ACT အောက်မှာ ပေးမဲ့ ဒေါ်လာ ၁၂၁ သန်း အကူအညီ မြန်မာနွယ်ဖွားများကြိုဆို


အမေရိကန်လွှတ်တော်၊ ၀ါရှင်တန်ဒီစီ
အမေရိကန်လွှတ်တော်၊ ၀ါရှင်တန်ဒီစီ

မြန်မာအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်းပါတဲ့ ၂၀၂၄ခုနှစ် အမေရိကန် အစိုးရအသုံးစရိတ်ကို လွှတ်တော်နှစ်ရပ်လုံးက စနေနေ့က အတည်ပြုပြီးပြီချင်း သမ္မတဘိုင်ဒန်ကလည်း ချက်ချင်း လက်မှတ်ရေးထိုး ပြဌာန်းလိုက်ပါပြီ။

၂၀၂၄ခုနှစ် ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ် ဒေါ်လာ ၁.၂ ထြီလျံသုံးမယ့် ဘတ်ဂျက်အတွက် ဒီမိုကရက်တစ်နဲ့ ရီပါပလင်ကန် နှစ်ဘက်ကြား လွှတ်တော်တွင်း အကြိတ်အနယ် အပြန်အလှန် လပေါင်းများစွာ ညှိုနှိုင်းခဲ့ကြရတာပါ။

BURMA ACT မြန်မာ့ဒီမိုကရေစီရေးကို အားပေးတဲ့ ဥပဒေအရ ထောက်ပံ့ဖို့ လျာထားငွေမှာလည်း အထက်နဲ့ အောက်လွှတ်တော် ကွာြခားချက်တွေကြားက ညှိုနှိုင်းခဲ့တဲ့ နောက်ဆုံးရလာဒ်အဖြစ် ဒေါ်လာ ၁၂၁ သန်းရရှိခဲ့တာနဲ့ ပတ်သက်လို့ အားရမိကြောင်း လော့စ်အိန်ဂျယ်လီ မြန်မာလှုပ်ရှားမှု (LA2M)အဖွဲ့တာ၀န်ခံ ဦးဂျိမ်းရွှေက ဗွီအိုအေကို ပြောပါတယ်။

“ဒီမှာနေတဲ့ မြန်မာတွေက BURMA ACT အတွက် ဘတ်ဂျက်ပိုက်ဆံမရှိဘူးဖြစ်နေတဲ့အပိုင်းမှာ တော်တော်လေးတွန်းအားပေးခဲ့ကြပါတယ်။ အခုတော့ ဒေါ်လာ ၁၂၁ သန်း ရတယ်ဆိုတော့ တော်တော်လေးကျေနပ်ကြပါတယ်။ နောက်ဆက်လုပ်ဖို့လည်း အားတက်သွားကြတယ်။ ဘာဖြစ်လို့လည်းဆိုရင် အထက်လွှတ်တော်က ၁၂၁ သန်း တောင်းဆိုပေမဲ့ အောက်လွှတ်တော်က သန်း ၅၀ ပဲ ဖို့ လျာထားတာပါ။ အဲတော့ ကျနော်တို့က ၁၂၁ သန်းအတည်ပြုဖို့ တောင်းဆိုထားတော့ အောင်မြင်သွားတယ်လို့ ပြောရမှာပေ့ါ။”

မြန်မာနိုင်ငံအတွက် ဘတ်ဂျက်ငွေ ရဖို့ LA2M အပါအ၀င် မြန်မာနွယ်ဖွားတွေ ပူးပေါင်းပြီး သက်ဆိုင်ရာ လွှတ်တော်အမတ်တွေကို ဆက်သွယ်ဖိအားပေးခဲ့ကြောင်းလည်း ဦးဂျိမ်းရွှေက ဆိုပါတယ်။

မြန်မာအတွက်ရရှိတဲ့ ဒေါ်လာ ၁၂၁ သန်းထဲမှာ Burma Act ဥပဒေအရ လူသားချင်းစာနာတဲ့ အကူအညီတွေ၊ စစ်ပွဲပဋိပက္ခတွေကြောင့် ဘေးဒုက္ခရောက်နေသူတွေ၊ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့အဖွဲ့တွေကို ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ အကူအညီတွေကို အမေရိကန်အစိုးရက ထောက်ပံ့မှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG