သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘက်က မုန်တိုင်းရှောင်သူတွေ ဘင်္ဂလား ထိန်းသိမ်း


နတ်မြစ်ဝအနီးက ငါးဖမ်းစက်လှေများ။
နတ်မြစ်ဝအနီးက ငါးဖမ်းစက်လှေများ။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့မုန်တိုင်းကြောင့်၊ မုန်တိုင်းလွတ်ရာမှာ ခိုလှုံကြဖို့ ကမ်းကိုကပ်လာကြတဲ့ မြန်မာနိုင်ငံသား ငါးဖမ်း သမား ၂၈၉ ဦးကို ဘင်္ဂလားဒေရ်ှ့ နယ်ခြားစောင့် တပ်ဖွဲ့က ထိန်းသိမ်းထားတယ်လို့၊ ဒါကာမြို့တော်မှာ အခြေစိုက်တဲ့နေရိဉ္စရာ သတင်း မှာ ဖေါ်ပြထားပါတယ်။ မနေ့က တက်ကနတ်(ဖ်)ချောင်းမှာ ဆိုက်ကပ်ထားတဲ့ စက်လှေတွေဟာ ငါးဖမ်းစက်လှေ ၃၆ စီးနဲ့ အတူ နတ်မြစ်၀ က (အုန်းကျွန်း)လို့ခေါ်တဲ့ စိန့်မာတင်ကျွန်း အနီးမှာ ကမ်းကပ် လာစဉ်မှာ၊ ဘင်္ဂလာဒေ့ရ်ှ နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းလိုက်တာပါ။

ငါးဖမ်းသမားအများစုဟာ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော်၊ မြင်းလွှတ်၊ ကျောက်ပန်းတူ၊ သဝင်ချောင်းဘက်မှ ပင်လယ်ပြင်တွင် ငါးရှာနေကြတဲ့ သူတွေ ဖြစ်တယ်လို့ ဒေသခံတွေကို ကိုးကားပြီး၊ နိရဉ္စရာ သတင်းမှာ ဖေါ်ပြထား ပါတယ်။ ဖမ်းဆီးထားတဲ့ သူတွေကို လောလောဆယ်မှာ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက အစားအစာများနှင့် လိုအပ်သည်များကို ကူညီထောက်ပံ့ပေးထားတယ်လို့ လည်း သိရပါတယ်။

မနေ့က ဗုဒ္ဓဟူးနေ့ည သန်းခေါင်အလွန် ကြာသပတေးနေ့ မနက်အစောပိုင်းက ဘင်္ဂလားဒေ့ရှ် ရဲ့ တောင်ပိုင်းကမ်းရိုးတန်းက ခရိုင်ပေါင်း (၆)ခု နဲ့ ဘိုလာ (Bhola)၊ ဟတ်တီယာ (Hatiya) နဲ့ ဆန်းဒွစ်ပ် (Sandwip) ကျွန်းတွေ ဆီကို၊ အပူပိုင်းမုန်တိုင်းတွေ ကျရောက်ခဲ့တာကြောင့်၊ အနည်းဆုံးလူ (၁၉)ဦး၊ သေဆုံးခဲ့ရပြီးတော့ လူပေါင်း (၁၅၀၀)လောက် ပျောက်ဆုံးနေတယ်လို့၊ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီမုန်တိုင်းတွေကြောင့် ရွှံ့၊ သံဖြူ၊ ကောက်ရိုး စတာတွေနဲ့ ဆောက်ထားတဲ့ အိမ်အလုံးပေါင်း အနည်းဆုံး (၁၅၀၀)ဟာလည်း ပင်လယ်ရေလှိုင်းတွေနဲ့အတူ ပါသွားခဲ့ပါတယ်။
XS
SM
MD
LG