သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူကုန္ကူးခံရသူ ျမန္မာ ၆၀ ခန္႔ ထုိင္းနယ္စပ္မွာ ဖမ္းဆီးခံရ


ထိုင္းျမန္မာနယ္စပ္ ကန္ခ်နဘူရီမွာ ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားမ်ား (၁၀ ဧၿပီလ ၂၀၂၁)

ထိုင္းျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္မွာ လူကုန္ကူးသူေတြေခၚလာတဲ့ ျမန္မာႏိုင္ငံသား ၆၀နိီးပါးကို စေန့ေန့က ဖမ္းဆီးမိတဲ့အေၾကာင္း ထိုင္းအေျခစိုက္ VOA သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ပါတယ္။

ထိုင္းျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္ စံခဘူရီခရိုင္အတြင္းက ေနာင္လူေက်း၇ြာ အုပ္စုအနီး သစ္ေတာအတြင္းမွာ ျမန္မာႏို္င္ငံသား ၆၀နီးပါးကို စေန့ေနက ဖမ္းမိခဲ့တာပါ။

ေနာင္လူေက်းရြာအနီးမွာ ျမန္မာႏိုင္ငံသား အမ်ားအျပားေရာက္ရွိေနေႀကာင္း ေဒသခံေတြရဲ ့သတင္းေပး တိုင္ႀကားခ်က္အရ ထုိင္းနယ္ျခားေစာင့္စစ္တပ္က ဗိုလ္မူးႀကီး ခ်လမ္ပုိ ဦးေဆာင္ျပီး သြားေရာက္ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ျမန္မာႏုိင္ငံသား ၆၀ေလာက္ကို ဖမ္းမိခဲ့ေႀကာင္း ထုိင္းေတာင္ပုိင္းအေျခစုိက္ FED အဖဲြ့က အလုပ္သမားေရးလဳွပ္ရွားသူ ဦးမင္းဦးက ေျပာပါတယ္။

" အလုပ္လုပ္ဖို့အတြက္ ခ်ိတ္ဆက္ျပီး လာႀကတယ္လို့ေျပာတယ္။ အဲဒီလူ အားလံုးေပါင္း ေယာက္်ားက ၃၀ ၊ မိန္းကေလးက ၂၇ ေယာက္ကေလးက ၂ ေယာက္ပါတယ္။ တေယာက္ကေတာ့ ထြက္ေျပးသြားတယ္လို႔ ေျပာတယ္။ အာဏာပုိင္ေတြ ေတြ႔လို့ ထြက္ေျပးသြားတယ္။ ေလာေလာဆယ္ သူတို့ကိုေခၚသြားျပီး ကုိယ္အပူခ်ိန္ေတြ စစ္တယ္။ ေလာေလာဆယ္ ဖ်ားနာတာေတြ မေတြ့ဘူး။ စံခဘူရီေဆးရံုကိုပုိ့မယ္ လိုအပ္တဲ့ က်န္းမာေရးစစ္ေဆးမူေတြ ထပ္လုပ္မယ္။ "

လူကုန္ကူးသူေတြ ေခၚလာျပီးဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားေတြဟာ ျမန္မာႏို္င္ငံတြင္း မတည္ျငိမ္မူေတြေႀကာင့္ အလုပ္အကုိင္ အခက္အခဲ စားေသာက္ေရး အခက္အခဲေတြေႀကာင့္ ထုိင္းႏုိ္င္ငံမွာ အလုပ္အကုိင္ရွာေဖြဖို့ လာႀကသူေတြျဖစ္တယ္လုိ့ိ ထုိင္းအာဏာပို္င္ေတြက ဆိုပါတယ္။ သူတို့ေတြဟာ မြန္ျပည္နယ္နဲ့ တနသၤာရီတုိင္းေရး ျမိတ္ ထား၀ယ္ စတဲ့ေနရာေတြက လာႀကသူေတြ အမ်ားစုျဖစ္ျပီး ေတာလမ္းအတိုင္း လမ္းေလ်ာက္ျပီး ခိုး၀င္လာႀကတာလို့လည္း ဆိုပါတယ္။

ထုိင္းအာဏာပို္င္ေတြနဲ့ေတြ့တဲ့အခ်ိန္ အစာအဟာရျပတ္ေနတဲ့ပံုစံေတြ ေတြ႔ရတာေႀကာင့္ ေရနဲ့အစားအေသာက္ေတြ ေပးခဲ့ရတယ္လို့ ထုိင္းအာဏာပိုင္ေတြဆိုပါတယ္။

ဖမ္းမိတဲ့ ျမန္မာႏို္င္ငံသားေတြဟာ ထုိင္းႏို္င္ငံအတြင္းပုိင္းမွာ အလုပ္လုပ္ကိုင္ဖို့အတြက္ ပဲြစားေတြကို ေငြေပးျပီး လာခဲ့ႀကတာျဖစ္တယ္လိ့ု့ ဦးမင္းဦးက ေျပာျပပါတယ္။

" ဒီေန့ေရာက္တဲ့အုပ္စု ၅၉ ေယာက္က သူတုိ့ ဘယ္ကိုသြားမယ္ဆုိတာ ခ်ိန္းထားျပီးသားပဲ ၊ ပဲြစားခက ဘတ္(၁၃,၀၀၀) ကေန (၂၀,၀၀၀) ေလာက္ထိ ေပးျပီးလာႀကရတာ သြားမယ့္ေနရာေတြက အမ်ားႀကီးပဲ ။ ေတာင္ပိုင္းဆုိ စူရတ္ဌာနီအထိ ပါတယ္။ အေပၚပုိင္းဆုိရင္ေတာ့ စမုဆာခြန္း စမုတ္ပရာကမ္ မဟာခ်ိဳင္ ဧရိယာအထိပါတယ္။ ကမ္ပူးခ်ားနယ္စပ္ ဆာကဲေရာက္ ဘက္လည္းပါတယ္။"

အခုဆိုရင္ ထိုင္းျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္မွာပဲ ၂ပတ္အတြင္းမွာ လူ၁၀၀ ေလာက္္ ဖမ္းမိေနတာပါ။ ျပီးခဲ့တဲ့ လကုန္ပုိင္းကလည္း လူတဒါဇင္ေက်ာ္ဖမ္းမိခဲ့ျပီး ဧျပီလ ၈ ရက္ေန့ကလည္း ထိုင္းျမန္မာနယ္စပ္ ကန္ခ်နဘူရီျပည္နယ္ထဲမွာပဲ အစုအေ၀းနဲ့ ဖမ္းမိခဲ့တာပါ။

ဒီရက္ပုိင္းမွာေတာ့ ထုိင္းႏုိင္ငံမွာ တင္းတင္းႀကပ္ႀကပ္ စစ္ေဆးေနတဲ့ႀကားကပဲ လူကုန္ကူးသူေတြနဲ့ ျမန္မာႏိုင္ငံသား အုပ္စုလိုက္ကို ဖမ္းဆီးမိေနတာ ျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

လူကုန်ကူးခံရသူ မြန်မာ ၆၀ ခန့် ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံရ

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်မှာ လူကုန်ကူးသူတွေခေါ်လာတဲ့ မြန်မာနိုင်ငံသား ၆၀နီးပါးကို စနေ့နေ့က ဖမ်းဆီးမိတဲ့အကြောင်း ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ပါတယ်။

ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် စံခဘူရီခရိုင်အတွင်းက နောင်လူကျေးရွာအုပ်စုအနီး သစ်တောအတွင်းမှာ မြန်မာနိုင်ငံသား ၆၀နီးပါးကို စနေ့နေက ဖမ်းမိခဲ့တာပါ။

နောင်လူကျေးရွာအနီးမှာ မြန်မာနိုင်ငံသား အများအပြားရောက်ရှိနေကြောင်း ဒေသခံတွေရဲ့သတင်းပေး တိုင်ကြားချက်အရ ထိုင်းနယ်ခြားစောင့်စစ်တပ်က ဗိုလ်မူးကြီး ချလမ်ပို ဦးဆောင်ပြီး သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ၆၀လောက်ကို ဖမ်းမိခဲ့ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် FED အဖွဲ့က အလုပ်သမားရေးလုှပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

" အလုပ်လုပ်ဖို့အတွက် ချိတ်ဆက်ပြီး လာကြတယ်လို့ပြောတယ်။ အဲဒီလူ အားလုံးပေါင်း ယောက်ျားက ၃၀ ၊ မိန်းကလေးက ၂၇ ယောက်ကလေးက ၂ ယောက်ပါတယ်။ တယောက်ကတော့ ထွက်ပြေးသွားတယ်လို့ ပြောတယ်။ အာဏာပိုင်တွေ တွေ့လို့ ထွက်ပြေးသွားတယ်။ လောလောဆယ် သူတို့ကိုခေါ်သွားပြီး ကိုယ်အပူချိန်တွေ စစ်တယ်။ လောလောဆယ် ဖျားနာတာတွေ မတွေ့ဘူး။ စံခဘူရီဆေးရုံကိုပို့မယ် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမူတွေ ထပ်လုပ်မယ်။ "

လူကုန်ကူးသူတွေ ခေါ်လာပြီးဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံတွင်း မတည်ငြိမ်မူတွေကြောင့် အလုပ်အကိုင် အခက်အခဲ စားသောက်ရေး အခက်အခဲတွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရှာဖွေဖို့ လာကြသူတွေဖြစ်တယ်လို့ိ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ သူတို့တွေဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းရေး မြိတ် ထားဝယ် စတဲ့နေရာတွေက လာကြသူတွေ အများစုဖြစ်ပြီး တောလမ်းအတိုင်း လမ်းလျောက်ပြီး ခိုးဝင်လာကြတာလို့လည်း ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေနဲ့တွေ့တဲ့အချိန် အစာအဟာရပြတ်နေတဲ့ပုံစံတွေ တွေ့ရတာကြောင့် ရေနဲ့အစားအသောက်တွေ ပေးခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေဆိုပါတယ်။

ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ပွဲစားတွေကို ငွေပေးပြီး လာခဲ့ကြတာဖြစ်တယ်လိ့ု့ ဦးမင်းဦးက ပြောပြပါတယ်။

" ဒီနေ့ရောက်တဲ့အုပ်စု ၅၉ ယောက်က သူတို့ ဘယ်ကိုသွားမယ်ဆိုတာ ချိန်းထားပြီးသားပဲ ၊ ပွဲစားခက ဘတ်(၁၃,၀၀၀) ကနေ (၂၀,၀၀၀) လောက်ထိ ပေးပြီးလာကြရတာ သွားမယ့်နေရာတွေက အများကြီးပဲ ။ တောင်ပိုင်းဆို စူရတ်ဌာနီအထိ ပါတယ်။ အပေါ်ပိုင်းဆိုရင်တော့ စမုဆာခွန်း စမုတ်ပရာကမ် မဟာချိုင် ဧရိယာအထိပါတယ်။ ကမ်ပူးချားနယ်စပ် ဆာကဲရောက် ဘက်လည်းပါတယ်။"

အခုဆိုရင် ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်မှာပဲ ၂ပတ်အတွင်းမှာ လူ၁၀၀ လောက် ဖမ်းမိနေတာပါ။ ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း လူတဒါဇင်ကျော်ဖမ်းမိခဲ့ပြီး ဧပြီလ ၈ ရက်နေ့ကလည်း ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ်ထဲမှာပဲ အစုအဝေးနဲ့ ဖမ်းမိခဲ့တာပါ။

ဒီရက်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတဲ့ကြားကပဲ လူကုန်ကူးသူတွေနဲ့ မြန်မာနိုင်ငံသား အုပ်စုလိုက်ကို ဖမ်းဆီးမိနေတာ ဖြစ်ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG