အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ International Visitors Leadership အစီအစဉ်အရ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ကို လေ့လာဆွေးနွေးဖို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့ဟာ ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ရှိနေပါတယ်။
အမေရိကန်အစိုးရနဲ့ လွှတ်တော်တွေမှာ ပြည်တွင်း နိုင်ငံရေး ပဋိပက္ခ ဖြေရှင်း ကြပုံတွေ၊ ဥပဒေသစ် ရေးဆွဲပြဌာန်းချက်တွေနဲ့ ပတ်သက်လို့ အမြင်သဘောထားတွေ ဖလှယ်ဆွေးနွေးကြမှာ ဖြစ်တဲ့အကြောင်း ခရီးစဉ်မှာ လိုက်ပါလာတဲ့ ရခိုင်လွှတ်တော်အမတ်တဦးက ဗွီအိုအေကို ပြောပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
ဒီခရီးစဉ်ဟာ သတင်း ၃ ပတ် ကြာမြင့်မှာဖြစ်ပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ် ၅ ဦးအပါအဝင် တရားလွှတ်တော်ရှေ့နေတစ်ဦး၊ ချင်းပါတီခေါင်းဆောင်တစ်ဦး၊ သတင်းထောက်တစ်ဦး စုစုပေါင်း (၈) ဦး လိုက်ပါလာပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်စနစ်တွေနဲ့ ပတ်သက်လို့ ဒီနှစ် အလယ်ပိုင်းလောက်ကစပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေကို စဉ်ဆက်မပြတ် ဖိတ်ခေါ်ဆွေးနွေးနေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု ဘက်က စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့လည်း မြန်မာ့အရေး လေ့လာသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် ရောက်ရှိလာတဲ့အချိန် ဝါရှင်တန်ဒီစီမြို့တော်ကိုကြည့်ပြီး ပြည်သူတွေ အပန်းဖြေလေ့လာနိုင်အောင် စနစ်တကျ တည်ဆောက်ထားတာတွေကို သဘောကျမိတယ်လို့ ခရီးစဉ်မှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း က ပြောပါတယ်။
“အဓိကအားဖြင့် ဘာလဲဆိုတော့ သူတို့ လုပ်ထားကိုင်ထားတာ ပြည်သူလူထု အတွက်ကို အဓိက ရည်ရွယ်ပြီးတော့ အဓိကအားဖြင့် ပြတိုက်တွေ လုပ်ထားတာတွေ၊ နောက်ပြီးတော့ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ အားလုံးက သက်တောင့်သက်သာ ဖြစ်ဖို့အတွက်ကို ခေတ်အဆက်ဆက် အစိုးရတွေကနေပြီးတော့ လုပ်ဆောင်လာတာ တွေ့ရတဲ့အတွက်ကို ကျမတို့ လေ့လာစရာတွေ အများကြီးပဲ။ ဒီတိုင်းပြည်တခုတည်းကိုပေါ့နော်။ အဓိကအားဖြင့် ဒီညနေဆိုရင် Constitution နဲ့ပတ်သက်ပြီးတော့ ရေးဆွဲခဲ့တဲ့ Memorial ပေါ့နော် သွားကြည့်ခဲ့တဲ့အခါကျတော့လည်း သူတို့ရည်ရွယ်ပြီးတော့ နှစ်ပေါင်းများစွာကို Constitution နဲ့ပတ်သက်ပြီးတော့ နှစ်ပေါင်း ရာနဲ့ချီပြီးတော့ကို အရှေ့ကို မျှော်မြင်ပြီးတော့ ရေးဆွဲထားတာတွေလည်း တွေ့ရတဲ့အခါကျတော့ ကျမတို့ မြန်မာနိုင်ငံအတွက်ကတော့ တကယ့်ကို လေ့လာလို့ မကုန်နိုင်ဘူးလို့ ကျမတို့ ထင်ပါတယ်။”
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်ကလည်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံသားဆိုင်ရာ ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေတွေကို တတ်နိုင်သလောက် လေ့လာဖို့ ရည်ရွယ်ထားတယ်လို့လည်း ဗွီအိုအေကို ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုမှာလည်း ဒီလို တဘက်နိုင်ငံတွေက ဝင်ရောက်နေတဲ့ကိစ္စတွေအတွက် အမေရိကန်ပြည်ထောင်စုရဲ့ တာဝန်ရှိတဲ့သူတွေက ဘယ်လိုဘယ်လို ဆောင်ရွက်မယ်ဆိုတာ ကုန်ခဲ့သော မကြာသေးခင် နှစ်များတွေက ပြောသံတွေ ကျနော်တို့ ကြားရတယ်၊ သတင်းတွေမှာလည်း တွေ့လိုက်ရတဲ့အတွက် သူတို့အနေနဲ့ နိုင်ငံတခု ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ နိုင်ငံကြီးတစ်ခုရဲ့ ဥပဒေတွေမှာ ဘယ်လိုများ လက်ခံနိုင်အောင် ဖြေရှင်းပေးသလဲ။ ကျနော်တို့အနေနဲ့ရော ဒီပြဿနာတွေကို ဘယ်လို အတုနမူနာယူပြီးတော့ ကျနော်တို့ ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတာ ကို Knowledge တွေပေါ့၊ ပညာရပ်တွေပေါ့၊ အသိတွေပေါ့ လေ့လာသင်ယူချင် တဲ့အတွက် တန်ဖိုးထားပြီးတော့ ရောက်လာရခြင်းဖြစ်ပါတယ်။”
ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံပြင်ဆင်ခဲ့တဲ့အပိုင်းတွေကို အဓိကထား လေ့လာမှာဖြစ်ပြီး အခြားပြည်နယ်တွေရဲ့ အုပ်ချုပ်ပုံတွေကိုလည်း သွားရောက် လေ့လာမှာဖြစ်တယ်လို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုပါတယ်ရှင်။