သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံနိုင်ငံက ကျောင်းဆရာ၊ ဆရာမတွေ နိုင်ငံတကာအဆင့်မှီ ပညာရေးစံနစ်တွေကို လေ့လာပြီး ကျောင်းသားတွေကို ခေတ်နဲ့ တပြေးညီ သင်ကြား ပို့ချနိုင်ရေးအတွက် အထောက်အကူပြုစေမယ့် နည်းပညာတခုကို မြန်မာ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တဦးက အမေရိကန်နိုင်ငံက Silicon Valley က နည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တီထွင် ဆောင်ရွက်နေပါတယ်။ Virtual Reality နည်းပညာကို အသုံးပြုပြီး ကမ္ဘာ့ထိပ်တန်း ကျောင်းတွေကို လေ့လာနိုင်မယ့် ဒီနည်းပညာကို တီထွင် လုပ်ဆောင်နေသူ Educational Entrepreneur - ပညာရေးဆိုင်ရာ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် မလှလှဝင်းကို ဆက်သွယ်မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း (၁) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

XS
SM
MD
LG