သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း





===============
မြန်မာနိုင်ငံ လူမျိုးတုန်းသတ်ဖြတ်မှု ဥပဒေဖြည့်စွက်ချက်အပေါ် ဥပဒေပညာရှင်အမြင်

လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၁ မှာပါတဲ့ ပုဒ်မခွဲ (က)နဲ့ (ခ)တို့ကို ဖြည့်စွက်ပြင်ဆင်ကြောင်း စစ်ကောင်စီက သြဂုတ်လ ၂၄ ရက် အင်္ဂါနေ့က သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါဟာ ICJ နိုင်ငံတကာတရားရုံးနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်ကောင်စီအနေနဲ့ သူတို့အပေါ် စွဲချက်တွေသက်သာရရအောင် ကာကွယ်ကြိုးပမ်းနေတာဖြစ်တယ်လို့ နော်ဝေးအခြေစိုက် လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ဗွီအိုအေကို ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ပုဒ်မတွေမှာ ဘာတွေကို ထပ်ပြီး ဖြည့်စွက်သလဲ၊ ဘာကြောင့် အခုချိန်မှာ ဒီဥပဒေပုဒ်မကို ပြင်ဆင်ဖြည့်စွက်ရသလဲ၊ အာဏာသိမ်းထားတဲ့ စစ်ကောင်စီအနေနဲ့ ဒီလို ဥပဒေပုဒ်မတွေကို ပြင်ဆင် ဖြည့်စွက်နိုင်ခွင့်ရှိသလား။
လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကို မအင်ကြင်းနိုင်ကဆက်သွယ်မေးမြန်းထားပါတယ်။
XS
SM
MD
LG