သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားဝင် ရွှေ့ပြောင်းတွေအတွက် ဝန်ဆောင်ခ သက်သာစေဖို့ မြန်မာသံရုံးစီစဉ်


ထိုင်းစက်ရုံမှ နှင်ထုတ်ခံရသည့် မြန်မာအလုပ်သမား တချို့
ထိုင်းစက်ရုံမှ နှင်ထုတ်ခံရသည့် မြန်မာအလုပ်သမား တချို့

ထိုင်းနိုင်ငံတွင်းကို နှစ်နိုင်ငံသဘောတူညီမူ MOU နဲ့ လာတဲ့ မြန်မာအလုပ်သမားေ တွရဲ့ပြဿနာတွေ အများအပြားဖြစ်ပွားခဲ့ပြီးနောက် မြန်မာအလုပ်သမား ဝန်ကြီးဌာနက အလုပ်သမားတွေအတွက် ကုန်ကျစားရိတ် ဈေးသက်သာလျှော့ပေးရေး အစီစဉ်ကို စတင် လုပ်ဆောင် နေကြောင်း ပြောဆိုလိုက်ပါတယ်။ VOA သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံကို တရားဝင် နှစ်နိုင်ငံသဘောတူညီမူ MOU နဲ့လာတဲ့ မြန်မာ အလုပ် သမားတွေကို မကြာခင်မှာ ဈေးနှုန်းသက်သာစွာနဲ့ ထိုင်းနိုင်ငံက စက်ရုံ ၇ ခုေ လာက်မှာ စတင်ပြီး သဘောတူစာချုပ် လက်မှတ်ရေးထိုးတာတွေ လုပ်ဆောင်သွား မှာ ဖြစ်တယ်လို့အလုပ်သမားရေး ညွန်ကြားမှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဦးမျိုးအောင်က အခုလို ပြောပြပါတယ်။

“ ဒီ MOU မှာ အလုပ်သမားတွေကို ဈေးလျှော့ဖို့အတွက်၊ ဈေးလျှော့ပြီးတော့မှ ချုပ်ဆိုတဲ့ လုပ်ငန်းစဉ်တခုကို ဒါကို လုပ်နေတာပေါ့နော်။ လုပ်နေတယ်ဆိုတာ ဒီစနေနေ့မှာ ကြေညာပေးမယ်။ အခမ်းအနားလေးနဲ့ စာချုပ်ချုပ်ပြမယ်၊ စက်ရုံ ၇ရုံလောက်ပါမယ် ထင်တယ်။ အယ် အဲဒါ မျိုးလေးတွေနဲ့ စပြီးတော့၊ ဒါပထမဦးဆုံး စမယ်လေ။ အဲဒီတော့ အရင်တုန်းက ကျနော်တို့က တသိန်းခွဲဆိုပြီးတော့ အေဂျင် စီတွေ တောင်းတဲ့ ဟာက- တသိန်းခွဲမဟုတ်တော့ဘူး၊ အခု ဒီဥစ္စာ သူတို့ကောက် တာ ၆ သောင်းခွဲလားမသိဘူး အဲဒါရယ်။ နောက် ဟိုဖက်မှာ ကျနော်တို့က အရင် ကုမ္ပဏီတွေက ဘတ်တသောင်းဆိုတဲ့ကိစ္စမှာ ဘတ် ၂၉၀၀ကျော်ပဲ ကုန်မယ့် ကိစ္စရယ်၊ ဒါတွေက ဒီအလုပ်ရှင်တွေက ဒီလိုလုပ်သွားမယ် ဆိုတဲ့ဟာကို ကျနော် တို့က ဒီမှာဒါကိုအရင် ညှိနှိုင်းမှုတွေကနေ တဆင့်ပေါ့…နော်။ ဒါမျိုးလေးတွေ တိုးတက် လာတာကို ကျနော်တို့ အဲဒါကို ဒီလာမယ့် စနေနေ့မှာ စာချုပ်ချုပ်ပွဲလေး လုပ်ပြဖို့ရှိတာပေါ့ ”

အရင်တုန်းကတော့ မြန်မာပြည်ဘက်က ကုမဏီတွေကို အနည်းဆုံးကျပ်ငွေ တသိန်းခွဲ ကနေ သုံးသိန်းအထိ ပေးရသလို ထိုင်းဘက်ကိုလည်း ထိုင်းဘတ်ငွေ တသောင်းကနေ တသောင်းခွဲထိပေးရတဲ့ အလုပ်သမားတွေလည်း ရှိခဲ့ကြပါတယ်။ ဒီအတွက် နိုင်ငံကူးလက်မှတ်ဖိုးတွေ အကြွေးမကျေလို့သိမ်းဆည်းထားတာတွေ အလုပ်တွေကို ကြုံရာပို့ခဲ့ တာတွေလည်းရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာတော့ အလုပ်ရှင် မတူလို့ဖမ်းခံရတာ လုပ်ငန်းခွင်မတူလို့ အရေးယူခံရတာ၊ လုပ်အားခ မရပဲ အလုပ်ခိုင်းစေခံရတာ စာချုပ်ပါ အခွင့်ရေးအတိုင်း အပြည့်အ၀ မရတာတွေေ ကြာင့် အခက်အခဲတွေဖြစ်ကြရပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ် သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့နှစ်ဖွဲက အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲသွားလုပ်ရာကနေ အလုပ်သမား တင်ပို့နေတဲ့ ကုမဏီတွေနဲ့ တင်းမာမှု ဖြစ်ပြီး တရားစွဲဆိုတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။ MOU ဆိုတာ အဲဒီလိုဖြစ်လို့ မရတဲ့အကြောင်း ဦးမျိုးအောင်က အခုလို ပြောသွားပါတယ်။

“ MOU ဆိုတာ အဲလို လုပ်လို့မရဘူးလေ၊ ဒီစက်ရုံကို သွားမယ်ဆိုရင် ဒီစက်ရုံ ကို သေချာပေါက်လွှတ်ရမှာလေ။ သေချာပေါက် မရောက်ရင် ဒါ ကျနော်တို့က အရေးယူတာ။ ဟိုးအရင်တုန်းကတော့ ဒါမျိုးတွေဖြစ်ကောင်းဖြစ်ခဲ့မယ်၊ ဟိုရောက်မှ အလုပ်မရှိတာတို့ ဘာတို့ ဒီလိုဖြစ်ခဲ့ နိုင်တယ် အခုနောက်ပိုင်းကျတော့ ဒီလိုမျိုးကို လုပ်လို့မရဘူး။ နှစ်နိုင်ငံက တဖြည်းဖြည်းနဲ့ ဒီအေဂျင်စီတွေ အလုပ်ရှင်တွေပေါ်မှာ ထိန်းချုပ် လာတာလေ၊ ခုဒါမျိုးလုပ်လို့ မရဘူး။ ချက်ချင်း work permit မရတဲ့ ပြဿနာပေါ့၊ ဒီလိုပြဿနာတွေ ရှိတယ်။ သူတို့ ဒီစက်ရုံလို့ပြောပြီး ဟိုစက်ရုံကို လွှဲပေးဖို့ ဟာက အဓိကက ကျနော်တို့သိတာနဲ့ အရေးယူနေတာပဲ .. ဒါအဲလို လုပ်လို့မရဘူး”

ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း အလုပ်သမား အဖွဲ့ ၁၃ဖွဲ့နဲ့ တွေဆုံတဲ့ အခါမှာ နှစ်နိုင်ငံ သဘောတူညီမူနဲ့လာတဲ့ အလုပ်သမားတွေ အနေနဲ့ နောက်ထပ် ပြဿနာတွေ မဖြစ်အောင် နှစ်ဖက်ကြားခံ ကုမဏီတွေ မပါဝင်ပဲ လုပ်ဆောင်ဖို့အတွက် တင်ပြခဲ့တယ်လို့ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ အမူဆောင် ဒါရိုက်တာ ဦးကျောင်သောင်းက အခုလို ပြောပါတယ်။

“အဲဒီ အလုပ်သမား ပြည်ပကိုထွက်ခွါဖို့အတွက် လေယာဉ်ခဖြစ်စေ သင်္ဘောခ ဖြစ်စေ ကားခဖြစ်စေ စာရွက်စာတမ်းခဖြစ်စေ အဲဒီ လိုအပ်တဲ့ ငွေရေးကြေးရေး အမှန်တကယ်ကိစ္စကို ကြားကနေပြီးတော့ ပုဂ္ဂလိကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် တခုကစိုက်ထုတ်မယ်။ အဲဒါကို အလုပ်သမား ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ လုပ်မယ်။ အလုပ်သမား ဝန်ကြီးဌာနက ပြည်နယ်နဲ့တိုင်းမှာ အလုပ်အကိုင် ရှာဖွေရေး ရုံးတွေ ဘယ်လောက်ဖွင့်ထားတယ် ..အလုပ်သမားတွေကို ကူညီဖို့ အတွက် ဘယ်နှရုံးဖွင့်ထားတယ် ဆိုတာကိုပြောတယ်လေ။ အဲဒါကြောင့်မို့လို့ အလုပ်သမား ဝန်ကြီးဌာနရယ် ဘဏ်ရယ် ရပ်ကျေးအုပ်ချုပ်ရေးနဲ့ သွားပေါင်းလိုက် တာနဲ့ တပြိုင်ထဲ၊ ပွဲစားဆိုတဲ့ ခေါင်းပုံဖြတ်တဲ့ လူတန်းစား လုံး၀ လျော့နည်းပပျောက် သွားမှာ ဖြစ်တယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းထက်မနည်း အလုပ် လုပ်ကိုင်နေပြီး နေ့စဉ် လိုလို မြန်မာအလုပ်သမားတွေဟာ ပြဿနာတွေ ရင်ဆိုင်နေရပြီး ဖမ်းဆီးခံရတာ ရောင်စားခံရတာတွေကိုပါ ကြုံနေရတာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG