သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကလေးတချို့ ထိုင်းနိုင်ငံသားခံယူခွင့်ရကြတော့မည်


ဓါတ်ပုံ- SAW
ဓါတ်ပုံ- SAW

ထိုင်းမှာအနေကြာနေထိုင်နေထိုင်နေပြီး ထိုင်း မှာမွေးဖွားပြီး ထိုင်းကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့မြန်မာနိုင်ငံသားတွေရဲ့ကလေးတွေကို ထိုင်းနိုင်ငံသား၊ ထိုင်းမှတ်ပုံတင်တွေ၊ထိုင်းနိုင်ငံမှာနေထိုင်ကျောင်းတက်လို့ရတဲ့ ထိုင်းနို်င်ငံမှာ နေထိုင်ခွင့်အထောက်အထား လက်မှတ်တွေကိုစတင် ထုတ်ပေးတော့မှာဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာမွေးဖွားပြီး မိဘမှာရှိတဲ့အထောက်အထားလက်မှတ်ကို မူတည်ကာ မြန်မာကလေး တချို့ ဟာထိုင်းနိုင်ငံသား တွေဖြစ်ကြတော့မှာပါ။ ထိုင်းအစိုးရကလည်း ဒီအစီစဉ်ကို ၆လအတွင်း အကောင်အထည်ဖော်ဖို့ အတွက် ပြီးခဲ့တဲ့ရက်တွေကပဲ အမိန့် ချမှတ်ထား ပြီးဖြစ်ပါတယ်။ အခုဆိုရင် တချို့ကလေးတွေက ထိုင်းနိုင်ငံသားဖြစ်မှာဖြစ်ပြိး တချို ကတော့ ဂဏန်းနံပါတ် (၇)နဲ့စတဲ့ ထိုင်းနိုင်ငံသားနီးပါး အခွင့်တွေရမဲ့ မှတ်ပုံတင်လျောက်ထားခွင့်ရမှာဖြစ်ပါတယ်ဒီလို လက်မှတ်တွေ ထုတ်ပေးတော့မှာဖြစ်တဲ့အကြောင်းမြန်မာကလေးတွေကို စာသင်ကြားပေးနေတဲ့ထိုင်းဆရာမတဦးက အခုလိုရှင်းပြပါတယ်။

“တောင်ပေါ်လူမျိုးတို့ ဘာတို့ အဲဒီကနေ ကလေးတွေ ဘာတွေ ထွက်လာရင် နံပါတ် ၇ ပေးတယ်။ အဲဒီ ၇ အဆင့်ဟာ ဘယ်လို တုန်းဆိုတော့ အမေအဖေ၊ အဓိက သူတို့ အမေ၊ အဓိက သူတို့ အမေမှာ ကြည့်မယ်။ အမေ ဘာလက်မှတ်ကိုင်လဲ။ အခုလောလောဆယ်ဆယ်ပေါ့နော်။”

မိဘတွေဟာ နှစ်ပေါင်း ၂၀လောက်အနေကြာတဲ့ သူတွေဖြစ်ပြီး ထိုင်းနိုင်ငံက တောင်ပေါ်သားတွေကို ထုတ်ပေးထားတဲ့လက်မှတ်ရှိသူတွေရဲ့ သားသမီးတွေကတော့ ထိုင်းနိုင်ငံသားမှတ်ပုံတင်ကို တခါတည်းရရှိ မှာဖြစ်ပါတယ်။ နောက်တမျိုးကတော့ မိဘတွေကအလုပ်သမား လက်မှတ်ကိုင်ဆောင်ထားပြီး သားသမီးတွေကိုဆေးရုံမှာမွေးဖွား တဲ့ မွေးစာရင်းရှိမယ်ဆိုရင် နံပါတ်(၇)နဲ့ စတဲ့ ထိုင်းနိုင်ငံသားလျောက်ထားခွင့် လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။ ဒီကလေးတွေဟာ ဒီလက်မှတ်ရရှိပြီး (၃)နှစ်ကျော်တဲ့အခါမှာတော့ ထိုင်းနိုင်ငံသား အဖြစ် ပြောင်းလဲလျောက်ထား နိုင်မှာဖြစ် ပါတယ်။ နောက်တမျိုး ကတော့ မိဘတွေက ထိုင်းနိုင်ငံမှာ ထုတ်ပေးတဲ့ဆယ်နှစ်ခန်တဲ့ လူသိများတဲ့ သက်တမ်း၁၀နှစ်ရှိတဲ့ ကဒ်ပြားတွေ ကိုင်ဆောင်ထားပြိးသားသမီးကလည်း ၁၀နှစ်ကဒ်ပြားတွေ ကိုင်ဆောင်ထားသလို ဆေးရုံမှာမွေးဖွားတဲ့မွေးစာရင်း ရှိရင်လည်း နံပါတ်(၇)နဲ့ စတဲ့ မှတ်ပုံတင်ကိုထုတ်ပေးမှာဖြစ်ပါတယ်။

ဒီမှတ်ပုံတင်တွေရဲ့ အားသာချက်ကတော့ ဒီကလေးတွေဟာ အလယ်တန်းအဆင့်အထိ အခမဲ့ပညာရေး ကိုရရှိမှာဖြစ်ပြီးဆေးရုံေတွေမှာ အခမဲ့ ဆေးကုသခွင့်ကို ထိုင်းနိုင်ငံသားကလေးတွေ နည်းတူရရှိမှာပါ ။ဒါအပြင်တက္ကသိုလ်တက်တဲ့အခါမှာ လည်း အစိုးရထံကနေ ချေးငွေယူပြီး ကျောင်းတက်နိုင်တဲ့ အခွင့်အရေးကိုရရှိကြမှာပါ။ အလုပ်အကိုင်တွေရရှိတဲ့အခါမှာသာ အစိုးရကို ချေးငွေတွေပြန်ဆပ်လို့ ရပါတယ်။

ထိုင်းနိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမဲ့ကလေးတွေနဲ့ ပတ်သက်လို့ကတော့ ကလေးဦးရေ (၁၀၀၀) မကျော်တဲ့ ခရိုင်တွေက ၆ လအတွင်း မှာနိုင်ငံသား ပေးတာတွေနဲ့ထိုင်းနိုင်ငံအတွင်း အမြဲတန်း နေထိုင်ခွင့်ဆိုင်ရာကိစ္စတွေကို အလေးထားပြုလုပ်ရမယ်လို့ ထိုင်းအစိုးရကထုတ်ပြန်ထားပြီး ကလေး (၁၀၀၀) အထက်ရှိတဲ့ ခရိုင်တွေကလည်း အမြန်ဆုံးအကောင်အထည် ဖေါ်ဆောင်ရွက်ကြဖို့ ညွန်ကြားထားပါတယ်။ သက်ဆိုင်ရာခရိုင်တွေအနေနဲ့ လူအင်အား ငွေအင်အား အခက်အခဲရှိမယ် ဆိုရင်လည်း ပြည်ထဲရေးဌာနကို အကြောင်းကြား အကူအညီတောင်းခံနိုင်တယ်လို့ လည်းထိုင်းအစိုးရကပြောဆိုထားပါတယ်။

XS
SM
MD
LG