သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် မြန်မာလုပ်သား ၆၀၀ကျော် ထိုင်းရဲဖမ်းဆီး


Thai immigration officer check Myanmar on car
Thai immigration officer check Myanmar on car

ထိုင်းနိုင်ငံ စမုပရကမ်းနဲ့ စမုစုန်ခန် ပြည်နယ်များက နေရာ ၅၅နေရာနဲ့ တိုက်ခန်းတွေကို အောက်တိုဘာလ ၁၆ရက်နေ့က ပိုက်စိတ်တိုက်လိုက်လံဖမ်းဆီးရာမှာမြန်မာနိုင်ငံသား ၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။


ထိုင်းနိုင်ငံ စမုတ်ဆာခွန်းမြို့နယ် အတွင်းမှာတော့ ရဲချုပ် ဆူရခေ့ျ ဟတ်ဖန် ကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပါတယ်။ စမုတ်စာခွန် မြို့နယ်အတွင်း ကအခန်း (၉၀) ရှိတဲ့ တိုက်ခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံသားတွေဟာ ထွက်ပြေးခဲ့ကြပါတယ်။ စမုပရကမ် ပြည်နယ် ဖတ်ပဒန် ခရိုင်အတွင်းက တရားမဝင်နေထိုင်နေကြတဲ့ နိင်ငံခြားသားတွေကို အောက်တိုဘာလ ၁၆ ရက်နေ့က ရဲနဲ့ လဝက အင်းအား (၁၇၀) ကျော်သုံးပြီး ဖမ်းဆီးလိုက်တဲ့ နိုင်ငံခြားသားအလုပ်သမား (၁၈၀) ကျော်ဖမ်းဆီးခဲ့သလို ဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ်။


စမုတ်ပရကမ် မှာတော့နေရာပေါင်း ၅၅ နေရာကို ဝင်ရောက် စစ်ဆေး ဖမ်းဆီး စစ်ဆေးတဲ့အခါမှာ နိုင်ငံခြားသား (၃၃၃) ဦးနဲ့ မြန်မာနိုင်ငံသား (၅၅၉) ဦး လာအိုနိုင်ငံသား (၄၂) ဦးကို ဖမ်းဆီးခဲ့ပါတယ်။မြန်မာရွှေပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက်ရဲ့ ဥက္ကဌ ဦးအောင်ကျော်ကတော့ မြန်မာတွေ ၆၀၀ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ပြောပါတယ်။

“ ၆၀၀ကျော်လောက်ပါမယ်။ တချို့ကျတော့ အလုပ်သမားတွေက ထိုင်းအစိုးရရဲ့နောက်ဆုံး ဥပဒေကို သိနေပြီ သာ။ သူတို့ထင်တာ နေချင်းညချင်းဝုန်း-ဝုန်းဒိုင်းဒိုင်းလိုက်မဖမ်းတော့ သူတို့ထင်တာ နေလို့ရသေးဆိုပြီးနေတာ။သူတို့ထင်တာက ဟိုတုန်းက ထိုင်းအစိုးရက ထုတ်ပေးတဲ့ ပန်းရောင်ကဒ်တွေ ပြန်ထုတ်ပေးမယ်လို့ထင်ပြီး နေနေတာ။ ဟိုနယ်စွန်နယ်ဖျားမှာ နေကြပြီး အခုလို့ပိုက်စိတ်တိုက်လိုက်ရှာတော့ သူတို့ပါကုန်တာပေါ့။”

ဖမ်းဆီးခဲ့တဲ့သူတွေမှာ မူးယစ်ဆေးအဖြစ်သုံးစွဲနေတဲ့ ဆေးရွက်တွေနဲ့ မူးယစ်ထုံထိုင်းတတ်တဲ့ ချောင်းဆိုးပျောက်ဆေး (၄၇၆) ပုလင်းပါ ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်။

အခုရက်ပိုင်းမှာ ထိုင်းအစိုးရက အဖမ်းအဆီးတွေခပ်စိတ်စိတ်လုပ်လာပြီး တရားမဝင် နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးအရေးယူနေတာပါ။ ထိုင်းနိုင်ငံမှာ မြန်မာရွှေပြောင်း အလုပ်သမား ၃သန်း ထက်မနည်း အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အထောက်အထားလုပ်ထားတဲ့ မြန်မာအလုပ်သမားတွေကတော့ တသန်းတသိန်းကျော်ပဲ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG