မြန်မာစစ်အစိုးရဟာ ၂၀၀၈ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူတွေ စစ်မှုထမ်းကြရမယ် ဆိုတဲ့ အချက်ကို အခြေပြုပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းက နိုင်ငံတော်ပြဋ္ဌာန်းချက်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်ခဲ့ ပါတယ်။ အတည်ပြုဖို့ ကျန်ရှိနေတဲ့ ဒီဥပဒေဟာ မြန်မာအမျိုးသမီးတွေအပေါ် ဘယ်လို ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်မလဲ ဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်။