ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဗုဒ္ဓဘာသာကျောင်းတွေနဲ့ နေအိမ်တွေ အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးခံရတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေကို အကာအကွယ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတရပ် ဒီနေ့မွန်းလွဲပိုင်းက ရန်ကုန် ကမာရွတ်မြို့နယ် သံလွင်လမ်း၊ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦး က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
ရန်ကုန်ရောက် ရခိုင်ရဟန်းတော်များ သာရေးနာရေးအသင်းက ကြီးမှူးကျင်းပတဲ့ ဆန္ဒပြပွဲမှာ သံဃာတော်အပါး ၂၀၀လောက် ပါဝင်ခဲ့တာ တွေ့ရတဲ့အတွက် ဒီဆန္ဒြုပပွဲဟာ ၂၀၀၇ခုနှစ် ရွှေဝါရောင်သံဃာ့လူပ်ရှားမှု အပြီး ရန်ကုန်မှာ သံဃာတော်တွေ အများအပြား စုဝေးတဲ့ပွဲလို့ ဆိုရပါလိမ့်မယ်။
“ ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပေါ်နေတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်များနဲ့ ကျောင်းတွေက လူတွေအားလုံးကို ဗုဒ္ဓဘာသာအနွယ်ဝင်အားလုံးကို ညှင်းပမ်းနှိပ်စက်နေတဲ့ အစ္စာလာမ်ဘာသာဝင်တွေကို မကျေနပ်တဲ့အတွက် ဒါတွေကို ဒီမှာလာပြီးတော့ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးခေါ် ပန်းဝါမြို့နဲ့ ကော့ဇက်ဘာဇားလို့ ခေါ်တဲ့ ဖလောင်ချိတ်ဒေသတွေမှာ ဒေသခံမူဆလင်တချို့ရဲ့ တိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံး ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီး ၁၀ကျောင်း လောက် ပျက်ဆီးခဲ့သလို အိမ်ခြေ၄၀လောက် ဖျက်ဆီးခံခဲ့ရတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတွေက ရေးပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ သေဆုံးမှုတွေရှိခဲ့ပါတယ်။
“ မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် မူဆလင်ခေါင်းဆောင်တို့က ဒါတွေကို ကာကွယ်စောင့်ရှောက်ကြရန်၊ နိုင်ငံအသီးသီးတို့အား တောင်းဆိုဖိအားပေးကြပါရန်။”
(ဆန္ဒပြပွဲမှာ တောင်းဆိုသံများ)
အစွမ်းရောက်ဝါဒကို သူတို့အနေနဲ့ ဆန့်ကျင်ကြောင်းလည်း ဆန္ဒပြသံဃာတော်တွေက မိန့်ကြားပါတယ်။ ရခိုင်လူငယ်များအသင်းက ကိုငြိမ်းနိုင်ကလည်း အခုလိုပြောပါတယ်။
“ ကျနော်တို့ ဗုဒ္ဓဘာသာဝင်အိမ်တရာကျော်ကို မူဆလင်အစွမ်းရောက်တွေက မီးရှို့ပစ်လိုက်တယ်။ ပြီးတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ကျနော်တို့ ဗုဒ္ဓဘာသာတွေကို လိုက်ပြီးသတ်နေတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာ အဆောက်အဦးတွေ ကို ဖျက်ဆီးနေတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေကိုပါ လိုက်ပြီး ဖျက်ဆီးနေတယ်။ ဒါကို ကမ္ဘာ့မူဆလင်အဖွဲ့ချုပ်ကို အခုချက်ခြင်းရပ်တန့်ပေးဖို့ တောင်းဆိုချင်တယ်။
အခုသံဃာနာယကခေါင်းဆောင်တွေ ဘုန်းကြီးတွေ ကမ္ဘာအေးက ဘုန်းကြီးတွေ ဒီလိုဘာသာသာသနာကို စော်ကားလာတဲ့အချိန်မှာ ကျောင်းထဲမှာ အိပ်မနေပဲနဲ့ ဒါတွေကို အမြန်ဆုံး ဝင်ရောက် တားဆီးပေးဖို့ အရှင်ဘုရားတို့ကို တပည့်တော်တို့က တောင်းဆိုပါတယ်။ မြန်မာနိုင်ငံ အိုအိုင်စီ လုံးဝလက်မခံပါ။ ”
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပတ်သက်ပြီး OIC အစ္စလာမစ်ကောင်ဆယ်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံမှာ လာရောက်ပြီး စုံစမ်းစစ်ဆေးတာမျိုးကို လက်မခံနိုင်ဘူးဆိုပြီးတော့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးချုပ်ကတော့ ရာမူးနဲ့ ကော့ဇ်ဇက်ဘဇားဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့တိုက်ခိုက်မှုတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ အာဏာပိုင်တွေ အနေနဲ့ အချိန်မှီ အကာအကွယ် မပေးနိုင်ခဲ့တဲ့အပေါ်မှာ ဖြေရှင်းရမယ်ဆိုပြီး ဒေသခံအစိုးရပြည်ထဲရေးဌာနအချို့နဲ့ အာဏာပိုင်တွေကို ခေါ်ယူစစ်ဆေးတာမျိုးတွေ ရှိပါတယ်။
ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရရဲ့ ဆောင်ရွက်ချက်တွေက အကြမ်းဖက်မှုတွေ ပေါ်ပေါက်ပြီးမှာ ထုတ်ပြန်တာဖြစ်ပြီး ဖြစ်ပွားနေချိန်မှာ ဗုဒ္ဓဘာသာဝင်တွေကို ထိထိရောက်ရောက် အကာအကွယ်မပေးခဲ့ဘူးဆိုပြီး ဆန္ဒပြသူတွေက ကန့်ကွက်နေခဲ့ကြတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနက်စ်ကတော့ ဒီလို အကြမ်းဖက်မှုတွေဟာ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေကြား အစဉ်တစိုက် သင့်မြတ်အောင် နေခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် သမိုင်းဝင် အမည်းစက် တခုဖြစ် သွားခဲ့ပြီ ဆိုပြီး ကြေငြာချက် ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံပြည်ထဲရေးဝန်ကြီးကတော့ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး လူ၁၆၀ကျော်ကို သူဖမ်းဆီးထားတယ်လို့ပြောပြီး လူမျိုးရေး မုန်းတီးမှုတွေဖြစ်ပေါ်အောင် လှုံ့ဆော်ဖန်တီးတဲ့သူတွေကို သူတို့အစိုးရဘက်က ပြင်းပြင်းထန်ထန် အရေးယူကိုင်တွယ်ဖြေရှင်း သွားမယ်ဆိုပြီး ပြောဆိုထားပါတယ်။