သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး အေမရိကားေရာက္ ျမန္မာေတြဆႏၵျပ


ျမန္မာစစ္တပ္ရဲ႕ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအေပၚ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရး ေတာင္းဆိုဆႏၵျပၾက

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ၿမိဳ႕ေတာ္မွာရွိတဲ့ ျမန္မာစစ္သံ႐ုံးေရွ႕နဲ႔ သမၼတအိမ္ျဖဴေတာ္ေရွ႕ေတြမွာ ဒီကေန႔ အေမရိကန္တဝန္းက အမ်ိဳးသမီးေရး လႈပ္ရွားသူေတြ၊ ျမန္မာ့အေရး တက္ႂကြလႈပ္ရွားသူေတြ စုေဝးၿပီး၊ ျမန္မာစစ္တပ္ရဲ႕ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအေပၚ အၾကမ္းဖက္မႈေတြ အဆုံးသတ္ေရး ေတာင္းဆိုဆႏၵျပၾကဖို႔ ရွိပါတယ္။

ႏိုဝင္ဘာလ ၂၅ ရက္ေန႔က က်ေရာက္တဲ့ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ကမာၻလုံးဆိုင္ရာေန႔နဲ႔ ဒီလိုအၾကမ္းဖက္မႈေတြ ပေပ်ာက္ေရး ၁၆ ရက္တာ လႈပ္ရွားမႈေတြကို ျမန္မာအပါအဝင္ ကမာၻတဝန္းက အမ်ိဳးသမီးေရး လႈပ္ရွားသူေတြ က်င္းပေနၾကတဲ့အခ်ိန္မွာ အေမရိကန္ေရာက္ ျမန္မာေတြ အခုလို စုေဝးခ်ီတက္ ဆႏၵျပၾကတာပါ။

ဥေရာပနဲ႔ အာရွႏိုင္ငံတခ်ိဳ႕မွာလည္း အလားတူ လႈပ္ရွားမႈေတြကို ျမန္မာ့အေရး လႈပ္ရွားသူေတြစုေပါင္းၿပီး လုပ္ေဆာင္ေနၾကပါတယ္။ အေမရိကန္ အေရွ႕ျခမ္း ေဒသစံေတာ္ခ်ိန္ ေန႔လည္ပိုင္းကစလို႔ ျမန္မာစစ္သံ႐ုံးေရွ႕မွာ ဆႏၵျပၾကမွာျဖစ္ၿပီး အဲ့ဒီေနာက္ အေမရိကန္ သမၼတအိမ္ျဖဴေတာ္ ရွိရာကို လမ္းေလွ်ာက္ခ်ီတက္ၿပီး အိမ္ျဖဴေတာ္ေရွ႕မွာလည္း ဆႏၵျပပြဲဆက္လုပ္သြားမယ္လို႔ ဆႏၵျပပြဲစီစဥ္သူေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈေနာက္ပိုင္း အမ်ိဳးသမီးနဲ႔ မိန္းခေလးငယ္ေတြအေပၚ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈအပါအဝင္ ပုံစံမ်ိဳးစုံနဲ႔ အၾကမ္းဖက္မႈေတြ ပိုမို ဆိုး႐ြားလာေနတာကို ကမာၻကသိေအာင္နဲ႔ ဒီလို အေျခအေနေတြ အျမန္ဆုံး ရပ္တန႔္ႏိုင္ဖို႔အတြက္ ေတာင္းဆိုဆႏၵျပတာလို႔လည္း ေျပာပါတယ္။ ဖဲႀကိဳးျဖဴလႈပ္ရွားမႈ အထိမ္းအမွတ္အျဖစ္ ဒီကေန႔ လႈပ္ရွားမႈမွာ အျဖဴေရာင္အဝတ္အစားေတြ ဝတ္ဆင္ၾကဖို႔လည္း ဆႏၵျပပြဲ စီစဥ္သူေတြက တိုက္တြန္းထားၾကပါတယ္။

==== Unicode ====

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာရှိတဲ့ မြန်မာစစ်သံရုံးရှေ့နဲ့ သမ္မတအိမ်ဖြူတော်ရှေ့တွေမှာ ဒီကနေ့ အမေရိကန်တဝန်းက အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး၊ မြန်မာစစ်တပ်ရဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆိုဆန္ဒပြကြဖို့ ရှိပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့က ကျရောက်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာနေ့နဲ့ ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုတွေကို မြန်မာအပါအဝင် ကမ္ဘာတဝန်းက အမျိုးသမီးရေး လှုပ်ရှားသူတွေ ကျင်းပနေကြတဲ့အချိန်မှာ အမေရိကန်ရောက် မြန်မာတွေ အခုလို စုဝေးချီတက် ဆန္ဒပြကြတာပါ။

ဥရောပနဲ့ အာရှနိုင်ငံတချို့မှာလည်း အလားတူ လှုပ်ရှားမှုတွေကို မြန်မာ့အရေး လှုပ်ရှားသူတွေစုပေါင်းပြီး လုပ်ဆောင်နေကြပါတယ်။ အမေရိကန် အရှေ့ခြမ်း ဒေသစံတော်ချိန် နေ့လည်ပိုင်းကစလို့ မြန်မာစစ်သံရုံးရှေ့မှာ ဆန္ဒပြကြမှာဖြစ်ပြီး အဲ့ဒီနောက် အမေရိကန် သမ္မတအိမ်ဖြူတော် ရှိရာကို လမ်းလျှောက်ချီတက်ပြီး အိမ်ဖြူတော်ရှေ့မှာလည်း ဆန္ဒပြပွဲဆက်လုပ်သွားမယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် ပုံစံမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ပိုမို ဆိုးရွားလာနေတာကို ကမ္ဘာကသိအောင်နဲ့ ဒီလို အခြေအနေတွေ အမြန်ဆုံး ရပ်တန့်နိုင်ဖို့အတွက် တောင်းဆိုဆန္ဒပြတာလို့လည်း ပြောပါတယ်။ ဖဲကြိုးဖြူလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဒီကနေ့ လှုပ်ရှားမှုမှာ အဖြူရောင်အဝတ်အစားတွေ ဝတ်ဆင်ကြဖို့လည်း ဆန္ဒပြပွဲ စီစဉ်သူတွေက တိုက်တွန်းထားကြပါတယ်။

XS
SM
MD
LG