သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ NGO တချို့ ရခိုင်လူထု မောင်းထုတ်


ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း လုံခြုံရေးတင်းကျပ်စွာချထားစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်း လုံခြုံရေးတင်းကျပ်စွာချထားစဉ်။
ပြီးခဲ့တဲ့ စနေနေ့က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ဆင်တက်မော် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေနဲ့ ဆင်အံရွာက ဒေသခံတွေ အကြမ်းဖက်ခံရတဲ့ ပဋိပက္ခတွေ အတွင်း ဒဏ်ရာရ လူနာတွေကို ဆေးရုံပို့တဲ့ အခါမှာ ခွဲခြားဆက်ဆံမှုတွေရှိ တယ်ဆိုပြီးတော့ ပေါက်တောမြို့ က ဒေသခံလူထုက အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကို ကန့်ကွက်နေကြပါတယ်။ဒီ့နောက် လူထုအင်အားသုံးထောင်လောက် အစည်းအဝေးလုပ်ပြီးတော့ နှစ်ရက်အတွင်း ထွက်ခွာဖို့ ကန့်ကွက်ခဲ့တာကြောင့် ပေါက်တောမြို့နယ်အတွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့သုံးဖွဲ့ ထွက်ခွာသွားပြီလို့ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် နဲ့ ၁၂မိုင်ခန့်ကွာဝေးတဲ့ ပေါက်တောမြို့နယ်တွင်းက ဆင်တက်မော် ဒုက္ခသည်စခန်းကလူတွေဟာ ထင်းခုတ်ဖို့ သွားရာမှာ ဒေသခံ ရခိုင်လူထုတွေက ဘုရားအနားက အပင်တွေကို မခုတ်ဖို့ပြောဆိုရာကနေ တင်းမာမူဖြစ်ပြီး ဒုက္ခသည်တဦး သတ်ဖြတ်ခံခဲ့ရပါတယ် ။ ဒီနောက် ဆင်တက်မော် ဒုက္ခသည်စခန်းက လူစုလူဝေးနဲ့ စုဝေးလာတဲ့ အတွေက် ဒေသခံစစ်တပ်က ပစ်ခတ်ဖြိုခွဲရာမှာတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တာပါ ။

အလားတူ တနေ့ထဲမှာပဲ ဆင်အိုင်ရွာက ဒေသခံရခိုင်တိုင်းရင်းသူတွေဟာ ကမ်းနားအနီးမှာ ငါးရှာရင်းနဲ့ အကြမ်းဖက်လိုတဲ့အုပ်စုတွေက သတ်ဖြတ်မူ ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေဖြစ်ပွားအပြီးမှာတော့ အစိုးရမဟုတ်တဲ့အဖွဲ့တွေက ဒဏ်ရာရသူတွေကို အမြန်ဆုံးဆေးရုံပို့ကုသဖို့ လုပ်ဆောင်ရာမှာခွဲခြား ဆက်ဆံမူတွေရှိတယ်ဆိုပြီး ကန့်ကွက်ရာကနေ အစိုးရမဟုတ်တဲ့ အန်ဂျီအိုတွေကို ထွက်ခွါပေးဖို့တောင်းဆိုခဲ့ တာဖြစ်ကြောင်း ပေါက်တောမြို့နယ် အမှတ်၂မဲဆန္ဒနယ် လွတ်တော် ကိုယ်စားလှယ်လည်းဖြစ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးတက်ထွန်းအောင်က ပြောပါတယ်။

ထွက်ခွာသွားကြတဲ့ နိုင်ငံတကာ အန်ဂျီအိုတွေကတော့ မာတေဇာ၊ Save the children နှင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ICRC တို့ဖြစ်တယ်လို့ ဦးတက်ထွန်းအောင်က ဆိုပါတယ်။ ဒေသခံ အင်အား ၃ ထောင်လောက် ပေါက်တောမြို့နယ်မှာ စုဝေးပြီး လူထု အစည်းအဝေး လုပ်ပြီးတဲ့နောက် ရခိုင်ပြည်နယ် အစိုးရထံကိုလည်း စာပိုခဲ့ကြောင်း လွတ်တော်ကို စာပို့ခဲ့ရာမှာ အဓိက အချက်ဖြစ်တဲ့ ခွဲခြားဆက်ဆံမူတွေနဲ့ ပတ်သက်ပြီး ဖေါ်ပြခဲ့တယ်လို့ ဆိုပါတယ်ပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ထွက်ခွါသွားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ် အစိုးရကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့စနေနေ့ကတော့ ဒေသခံရခိုင်ဗုဒ္ဓဘာသာဝင် နဲ့ မူဆလင်တချို့တို့ကြား အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံး လူ ၃ဦးသေဆုံး ခဲ့ရကြောင်း လည်း ပြည်နယ်အစိုးရအဖွဲ့ ကတော့ အတည်ပြုပြောကြား ထားပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့နှစ်တွေကစလို့ ပဋိပက္ခတွေကြောင့်လူပေါင်း ၂၀၀လောက်သေဆုံးခဲ့ပြိး အိုးအိမ်မဲ့ ဒုက္ခသည်တွေ သိန်းနဲ့ချီရှိခဲ့ပါတယ်။

ဒါကတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် ဒေါ်အေးအေးမာ သတင်းပေးပို့ခဲ့တာဖြစ်ပါတယ်။ ဆင်တပ်မော်ကျေးရွာရဲ့ ပဋိပက္ခမှာ ဒဏ်ရာရတဲ့လူအချင်းချင်း၊ မွတ်စလင် ဒဏ်ရာရတဲ့သူတွေကိုတော့ MSF အဖွဲ့ စစ်တွေဆေးရုံကို ပို့ခဲ့ပြီး၊ ဒေသခံရခိုင်တွေကို ဆေးရုံမပို့ခဲ့ကြဘူးလို့ ဆိုပြီး ဒေသခံတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ၊ MSF အဖွဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့က စစ်တွေအခြေစိုက် တာဝန်ရှိသူတဦးဖြစ်တဲ့ Michele Tranite ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ အခုလိုရှင်းပြခဲ့ပါတယ်။

"ဒါမမှန်ပါဘူး။ စနေနေ့ကဖြစ်တာကို ရှင်းပြရမယ်ဆိုရင်တော့ ညနေ ၄နာရီခွဲလောက်မှာ မူစလင်တွေဘက်က ဖုန်းဆက်လာပါတယ်။ သေနတ်ဒဏ်ရာ ရတဲ့သူတချို့ရှိတယ်။ အရေးပေါ်အကူအညီတွေ လိုနေတယ်လို့ပြောပါတယ်။ ကျနော်တို့က သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရယူပြီး စပိဘုတ်နဲ့ဒဏ်ရာရသူသုံးယောက်ကို သယ်လာပြီး စစ်တွေဆေးရုံကိုပို့ပါတယ်။ အဲ့ဒီ့နေ့ ညနေမှာပဲ နောက်ထပ် ဒဏ်ရာရနေတဲ့ ရခိုင် အမျိုးသမီးနှစ်ယောက် ရှိတယ်လို့လည်း ကျနော်တို့သိရပါတယ်။ ကျနော်တို့ ဒီသတင်းရတဲ့အချိန်မှာ ဒီအမျိုးသမီးနှစ်ဦးက စစ်တွေဆေးရုံကိုရောက်နေပါပြီ။ ကျနော်တို့ ကြိုသိခဲ့ရတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ တကယ်ပဲ အကူအညီပေးမှာပါ။ ကျနော်တို့ဟာ ကျမ်းမာရေးအဖွဲ့အစည်းဖြစ်ပါတယ်။ ဘယ်လူနာကိုမှ ခွဲခြားဆက်ဆံတာမျိုးမရှိပါဘူး။

မေး။ ။ "ဟုတ်ကဲ့။ ဒဏ်ရာရတဲ့လူနာတွေကို ဆေးရုံပို့တဲ့နေရာမှာ မွတ်စလင် ဘက်ကိုပဲ ဘက်လိုက်တယ် ဆိုပြီး ပြောနေတာတွေရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘာများပြောလိုပါသလဲ။"

" ဒေသခံရခိုင်လူမျိုးတွေကြားမှာ ဒဏ်ရာရတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို ဘယ်သူကမှ အကြောင်းမကြားခဲ့ပါဘူး။ ဒေသခံတွေ ကရော၊ ဒေသခံအာဏာပိုင်တွေဘက်ကပါ မပြောခဲ့ပါဘူး။ ကျနော်တို့ကို အကြောင်းကြားခဲ့မယ်ဆိုရင်တော့ ၊ ကျနော်တို့အနေနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီပေးသွားမှာဖြစ်သလို၊ ဆေးရုံကိုလည်း ပို့ဆောင်ပေးမယ်ဆိုတာ ကျနော့်အနေနဲ့ ကျိန်းသေပေါက် အာမခံရဲပါတယ်။ ကျနော်တို့ဟာ ကျန်းမာရေး အကူအညီပေးနေတဲ့အဖဲ့ွဖြစ်တာကြောင့် အရေးပေါ် ဘယ်လူနာကိုမဆို အကူအညီပေးသွားမှာဖြစ်ပါတယ်။ ဘယ်ဘက်ကပဲ ဖြစ်ဖြစ်ပါ။ မွတ်စလင်လား ရခိုင်လူမျိုးလား ဆိုတာကို ကျနော်တို့ မမေးပါဘူး။ ကျနော်တို့က ဒေသခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆေးဘက်ဆိုင်ရာ အကူအညီတွေပေးနေတာပါ။"

မေး ။ ။ " MSF အပါအဝင် ဒေသတွင်းမှာ လာပြီးတော့ လုပ်ကိုင်နေတဲ့ နိုင်ငံတကာ NGO အဖွဲ့တွေဟာ မူစလင်တွေကိုပဲ အဖွဲ့အစည်းအတွင်း မှာ နေရာပေးတယ်လို့ပြောနေပါတယ်။ အဲ့တာတွေရော ဟုတ်ပါသလားခင်ဗျ။"

"ကျနော်တို့ ရာထူးခန့်ထားမှုဟာ လုံးဝမျှတပါတယ်။ စစ်တွေက ဒေသခံတွေကို တခြားအဖွဲ့အစည်းတွေကပါ ခန့်ထားတဲ့အတွက် ရဖို့ခက်ခဲပါတယ်။ ဒါကြောင့် ကျနော်တို့ ဆေးဝန်ထမ်းအများစုကို ရန်ကုန်က ခန့်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင် ၈၀ က ၁၀၀ အထိ ကတော့ စစ်တွေက ခန့်ထားတဲ့ ဝန်ထမ်းတွေ ရှိပါတယ်။ ဒီအထဲမှာ အကုန်လုံး မျှမျှတတ ခန့်ထားခြင်းဖြစ်ပါတယ်။"

MSF အပါအဝင် ရခိုင်ဒေသထဲကို ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်း နိုင်ငံတကာ NGO အဖွဲ့တွေဟာ UNHCR နဲ့ အတူ ဘင်္ဂလားဒေ့ရှ်က ပြန်လည် ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ နေရာချထားရေးနဲ့ ကူညီရေးအတွက် မူလရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံကို စတင်ဝင်ရောက်ပြီး တာဝန်ယူ လာခဲ့တာဖြစ်တဲ့အတွက် ရခိုင်ဒေသခံတွေဘက်ကလည်း နိုင်ငံတကာ NGO အဖွဲ့တွေအပေါ်မှာ ဘက်လိုက်တယ် ဆိုပြီးတော့ ပြောဆိုနေကြပါတယ်။
XS
SM
MD
LG