သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမင်တကောင်လုံးမျိုနိုင်တဲ့ မြန်မာစပါးအုံး


Burmese Python ခေါ် မြန်မာ့စပါးအုံးမြွေ (Conservancy of Southwest Florida)

အမေရိကန်ပြည်ထောင်စု ဖလောရီဒါပြည်နယ် Naplesမြို့ရှိ Collier-Seminol သဘာဝထိန်းသိမ်းရေးဥယာဉ်မှာ အရှည် ၁၁ပေရှိတဲ့ Burmese Python ခေါ် မြန်မာ့စပါးအုံးမြွေ အမတကောင်ဟာ ၂၀၁၅ခုနှစ်ဧပြီလတုန်းက အမြီးအဖြူအမျိုး အစား သမင်တကောင်လုံးကိုမျို ထားပြီး ပြန်အံထုတ်ဖို့ကြိုးစားနေတဲ့အချိန်မှာ Conservancy of Southwest Florida ဖလောရီဒါအနောက်တောင်ပိုင်း သဘာဝထိန်းသိမ်းရေးဌာန တာဝန်ခံ တွေက တွေ့ရှိခဲ့ပါတယ်။

ဒီတွေ့ရှိချက်အသေးစိတ်ကို ၂၀၁၈ခုနှစ် မတ်လထုတ် ကုန်းနဲ့ရေတွားသွားသတ္တဝါများဆိုင်ရာ Herpetological သတ္တဗေဒစာစောင်မှာ ထုတ် ပြန်ဖို့ရှိပြီးဒီတွေ့ရှိချက်ကို ပြီးခဲ့တဲ့ကြာသပတေးနေ့က Facebook မှာ ဗီဒီယိုနဲ့ရော ဓါတ်ပုံနဲ့ပါရှင်းလင်းတင်ပြခဲ့တာပါ။

၃၁ပေါင် လေးတဲ့ မြန်မာစပါးအုံးမြွေကြီးဟာ ၃၅ပေါင်လေးတဲ့ သမင်တကောင် လုံးကို မြိုထားတဲ့ဖြစ်ရပ်ဟာ စပါးအုံးမြွေတွေ ပေါများတဲ့ ဖလောရီဒါပြည်နယ်မှာတောင် တွေ့ရသူတိုင်း အံ့အားသင့်တုန်လှုပ် စေခဲ့တာပါ။

မြန်မာစပါး အုံမြွေအမျိုး အစားသမိုင်းတလျှောက် ဒီအဖြစ်အပျက်ဟာ စပါးအုံးမြွေ တကောင်အနေနဲ့ သားကောင် အကြီးဆုံးကိုမြိုတဲ့ မှတ်တမ်းဝင်ဖြစ်ရပ်လို့ ဖလော်ရီဒါအနောက်တောင်ပိုင်း သဘာ၀ ထိမ်းသိမ်းရေးဌာနက ပြောပါတယ်။ ပေ၂၀အထိ ရှည်နိုင်တဲ့ မြန်မာ့စပါးအုံးမြွေတွေကို ဖလော်ရီဒါတောင်ပိုင်းမှာ အိမ်မွေး တိရစ္ဆာန်အဖြစ်ထားဖို့ အရှေ့တောင်အာရှက ၁၉၇၀ခုနှစ်နှောင်းပိုင်းက စတင်ယူဆောင်ခဲ့တာပါ။ နောက်ပိုင်းမှာ သစ်တောတွေအတွင်းစွန့်ပစ် ခံခဲ့ရတဲ့ စပါးအုံးမြွေ တွေက မျိုးပွါးပြီး အခုလိုအန္တရာယ်ရှိလာခဲ့တာပါ။

သမင်တကောင်လုံးမျိုနိုင်တဲ့ မြန်မာစပါးအုံး
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG