သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါ မှာ အကြီးဆုံး မြန်မာစပါးအုံးမြွေ မိ


Record-Breaking Python-Florida 2021 ခုနှစ် မှာဖမ်းမိခဲ့တဲ့ စပါးအုံးမြွေ
Record-Breaking Python-Florida 2021 ခုနှစ် မှာဖမ်းမိခဲ့တဲ့ စပါးအုံးမြွေ

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာ ဖမ်းမိခဲ့သမျှထဲ အကြီးဆုံး မြန်မာစပါးအုံးမြွေကြီးတကောင်ကို ဇီဝဗေဒပညာရှင်အဖွဲ့တခုက ဖမ်းမိခဲ့ပါတယ်။ အလေးချိန် ၂၁၅ ပေါင်ရှိပြီး၊ ၁၈ ပေရှည်တဲ့ စပါးအုံးမြွေအမကြီးမှာ ဥ ၁၂၂ လုံး ရှိနေတာလည်း တွေ့ရတယ်။ ဖလော်ရီဒါ အနောက်တောင်ပိုင်းက သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က စပါးအုံးမြွေတွေရဲ့လှုပ်ရှားမှု၊ ဥပေါက်ပွါးပုံ၊ ပြုမူနေထိုင်ပုံနဲ့ မြွေသိုက်တွေကို လေ့လာနိုင်ဖို့ မြွေထီးတွေကို ထောက်လှမ်းကိရိယာတွေတပ်ပြီးလွှတ်ထားပေးတာပါ။
မြွေလေ့လာရေးအဖွဲ့ လုပ်ငန်းမန်နေဂျာ Ian Bartoszek က Dino လို့ နာမည်ပေးထားတဲ့ မြွေထီးကြီး တကောင်ကို Everglades အနောက်ဖက် အရပ်မှာ လွှတ်ပြီး စပါးအုံးမြွေတွေကို လေ့လာနေတယ်လို့ ပြောပါတယ်။ ဖလော်ရီဒါပြည်နယ်မှာ သြဂုတ်လရောက်တိုင်း စပါးအုံးမြွေတွေကို သီတင်း ၂ ပတ်ကြာ လိုက်ဖမ်းပြီး ရှင်းလင်းတဲ့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်မှာပါဝင်တဲ့ မြွေအများဆုံးဖမ်းနိုင်သူကို ဒေါ်လာ ၂၅၀၀ ထိဆုချပါတယ်။
မနှစ်တုန်းကတော့ ပြည်နယ် ၂၅ ခုက လူပေါင်း ၆၀၀ ရာကျော် ဖလော်ရီဒါ မြွေဖမ်းပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်ကစတင်ခဲ့တဲ့ စပါးအုံးမြွေတွေဖယ်ရှားရေးအစီအစဉ်ကနေ ဖလော်ရီဒါပြည်နယ် အနောက်တောင်ပိုင်း မိုင်၁၀၀ပတ်လည်က စပါးအုံးမြွေ ၁ ထောင်ကျော်ဖမ်းဆီးဖယ်ရှားပြီးပါပြီ။ ဖလော်ရီဒါမှာ အရင်တုန်းက ဖမ်းမိခဲ့တဲ့ အကြီးဆုံးစပါးအုံးမြွေက ၁၈၅ ပေါင်ရှိပါတယ်။

Unicode


XS
SM
MD
LG